Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ကျောက်တန်းရွာ ကို စစ်ကောင်စီတပ် ဝင်စီးချိန်ရွာခံတွေကို ဓားခံအဖြစ်ဖမ်းဆီး

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ထဲက ကျောက်တန်းရွာထဲကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ဓားစာခံအဖြစ်ဖမ်းခံရသူတွေ ပြန်လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ - Google Earth

ဒီဇင်ဘာ – ၁၈ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ထဲက ကျောက်တန်းရွာထဲကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ဓားစာခံအဖြစ်ဖမ်းခံရသူတွေ ပြန်လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြင်းခြံမြို့ ရဲ့ တောင်ဘက် လေးမိုင်ခန့်အကွာမှာရှိတဲ့ ကျောက်တန်းရွာ ကို ဒီဇင်ဘာလ ၁၆ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီး အင်အား ၅၀ ခန့် ဝင်ရောက်လာပြီး ရွာထဲက ကျား ၊မ အရွယ်စုံ လူ ၂၀ နီးပါး ဖမ််းဆီးခဲ့တာပါ။

ရွာကိုဝင်စီးချိန်မှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေဟာ သူတို့လုံခြုံရေးအတွက် ရွာခံတွေကို ဓားစာခံအဖြစ် ဖမ်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေထဲက အချို့ကို ရွာအနီးပတ်ဝန်းကျင် လှည့်ကင်းထွက်ရာမှာ စစ်ကြောင်းထဲ ထည့်ပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်း မှာတော့ ဖမ်းထားတဲ့ ဒေသခံ တွေကို ပြန်လွှတ်ပေးလိုက်ပေမယ့် စစ်ကောင်စီတပ်ဟာ ရွာဘုန်းကြီးကျောင်းမှာအထိုင်ချတပ်စွဲထားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အညာဒေသဖြစ်တဲ့ ပုဂံ-ညောင်ဦး၊ပခုက္ကူဘက်ခြမ်းက မြင်းခြံမြို့နယ်ထဲက ကျောက်တန်းရွာဘက်ကို ရောက်ရှိလာတာပါ။

မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီးပါး လွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြင်းခြံမြို့ပေါ်မှာလည်း အနီးဝန်းကျင်ရွာတွေက စျေးတက်ဝယ်သူတွေ ၊ အလုပ်လာရောက်လုပ်ကိုင်သူတွေ ကို စစ်သားစုဆောင်းဖို့ ပေါ်တာဆွဲတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။