Connect with us

Hi, what are you looking for?

သတင်း

MNDAA ထိန်းချုပ်ဒေသမှာရွေးကောက်ပွဲလုပ်ခွင့်မပြုဟုဆို

ကိုးကန့်တပ်(MNDAA) ရဲ့ အထူးဒေသ(၁) ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ခွင့်မပြုသလိုမဲပုံးလည်းချလို့မရ မဲရုံလည်း ဖွင့်လို့မရဘူးလို့ MNDAAရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေသူတစ်ဦးက ‌ပြောပါတယ်။

၁၀၂၇ စစ်ဆင်​ရေးမှာ ​လောက်ကိုင်က စစ်တပ်စခန်းကို MNDAA နဲ့ မဟာမိတ်တပ်​တွေက သိမ်းယူပြီး​နောက်​​တွေ့ရစဥ်။ ဓါတ်ပုံ-The Kokang

ဒီဇင်ဘာ-၁၈၊၂၀၂၅။ကဖေး/People’s Spring

ကိုးကန့်တပ်(MNDAA) ရဲ့ အထူးဒေသ(၁) ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ခွင့်မပြုသလိုမဲပုံးလည်းချလို့မရ မဲရုံလည်း ဖွင့်လို့မရဘူးလို့ MNDAAရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေသူတစ်ဦးက ‌ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကလားရှိုးမြို့အပြင် MNDAA ထိန်းချုပ်ထားတဲ့နေရာတွေမှာပါ ရွေး
ကောက်ပွဲကျင်းပမယ်လို့သတင်းနဲ့ထွက်ပေါ်လာပြီးတဲ့နောက် MNDAA ရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ နေဝေစိုး က လူမှုကွန်ရက်ကတစ်ဆင့် ဒီဇင်ဘာလ၁၈ရက်နေ့မှာ အသိပေးထားတာဖြစ်ပါတယ်။

” အထူးဒေသ(၁)ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ခွင့်မပြုထားသလို ။ မဲပုံးလည်း ချလို့မရ မဲရုံလည်းဖွင့်လို့မရပါဘူး” လို့ သူကရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းမှာ လားရှိူး နဲ့ သီပေါမြိုကြားက MNDAA ထိန်းချုပ်ထားတဲ့ နောင်မွန်မှာ ရွေး
ကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီအုပ်စုက ပြောသွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအုပ်စုကို ကိုးကန့်တပ်တွေက လုံခြုံရေးယူ​နေတာတွေ့ကရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

နားလည်မှုလွဲပြီး ဝင်ခွင့်ပြုပေးခဲ့တာလို့သိရကြောင်းMNDAAရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေသူက လူမှုကွန်ရက်ကနေ ထပ်မံရှင်းပြထားပါတယ်။

“ အဲ့တာက စကမ က နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ဒီဘက်ကလည်း နားလည်မှုလွဲပြီး ခွင့်ပြုလိုက်မိတာလို့သိရပါတယ်။အခုနောက်ဆုံးကတော့ အထူးဒေသ(၁) ထဲမှာ ရွေးကောက်ပွဲ လုပ်လို့မရပါဘူး” လို့ ရေးထားပါတယ်။

နေဝေစိုး က MNDAAရဲ့ သတင်းထုတ်ပြန်ရေးဌာနဖြစ်တဲ့ The Kokang ကတဆင့် သတင်းတွေထုတ်လွှင့်ပေးနေသူဖြစ်ပါတယ်။

လားရှိုးမြို့ကို တရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ပေါ်ရပ်ကွက်၁၂ခုမှာ ရွေးကောက်ပွဲလုပ်ဖို့စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာ MNDAA နဲ့ စစ်ကောင်စီဆွေးနွေးပြီး MNDAA ထိန်းချုပ်ထားတဲ့ ဒေသ‌တွေအနက် ကျေးရွာ ၊အုပ်စု ၉ ခုမှာ ရွေးကောက်ပွဲလုပ်မယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလ၁၅ရက်နေ့ကဆိုရင် လားရှိုးမြို့ပေါ်ကို စစ်တပ်နဲ့ကိုးကန့်တပ်တွေရဲ့ ယာဉ်တန်းအတူတူဝင်ရောက်လာခဲ့တာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့မှာ ရပ်ကွက်၁၂ခု၊ ကျေးရွာအုပ်စု၇၅ခုရှိပါတယ်။ စစ်ကောင်စီက ရပ်ကွက်၁၂ခုကိုထိန်းချုပ်ထားပြီး ကျေးရွာအုပ်စု ၇၅ ခုကို​တော့ MNDAAက ထိန်းချုပ်ထားပြီး အထူး ‌ ဒေသ(၁)ထဲမှာ ထည့်သွင်းထားပါတယ်။ဒါ​ကြောင့်စစ်တပ်ကလားရှိုးမှာ​​ရွေး​ကောက်ပွဲလုပ်မယ်ဆိုရင် မြို့​ပေါ်ပဲလုပ်ရမှာဖြစ်ပြီး ရွာ​တွေမှာလုပ်ချင်ရင် MNDAA ခွင့်ပြုမှလုပ်ရမှာဖြစ်ပါတယ်။

လားရှိုး-သီပေါနဲ့ တန့်ယန်း၊မိုင်းရယ်မြူကြားကရွာတွေကိုလည်း MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာတွင် AA၊TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။

အဲဒီမြို့​တွေထဲက တရုတ်အစိုးရရဲ့ဖိအားကြောင့် လားရှိုးမြို့ နဲ့ အ​ရှေ့​​မြောက်တိုင်း စစ်ဌာနချုပ်ကကို ၂၀၂၅ ခုနှစ် ဧပြီလမှာ ကျည်တချက်မ​ဖောက်ပဲစစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီမြို့ကိုလည်း ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ သတင်းတွေမကြာခဏထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် လားရှိုးမြိို့အနီးနဲ့ ပြည်‌ထောင်စုလမ်းပိုင်းမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီကပြီးခဲ့တဲ့နိုဝင်ဘာလမှာ တောင်းဆိုလာလို့ စစ်တပ်နဲ့MNDAA ဆက်ဆံရေးတင်းမာမှုလည်းရှိနေပါတယ်။

တရုတ်နယ်စပ်နဲ့ MNDAA ထိန်းချုပ် ဒေသတွေကို ဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်က ဖမ်းဆီးသလို လားရှိုး-သီပေါကြားက ဒုဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်ထားပါတယ်။

၁၀၂၇စစ်ဆင်ရေးစတင်ချိန်ကတော့စစ်အာဏာရှင်ပြုတ်ကျတဲ့အထိတိုက်ခိုက်သွားမှာလို့ MNDAAက ပြည်သူလူထုကိုတိုင်တည်ပြီးထုတ်ပြန်ခဲ့ပေမယ့် ၂၀၂၄ သြဂုတ်လ ​နောက်ပိုင်းတိုက်ပွဲမဖြစ်တော့ပဲစစ်တပ်နဲ့အပစ်ရပ်ထားတာဖြစ်ပါတယ်။

MNDAAရဲ့ အထူးဒေသ(၁)ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့သတင်းတွေထွက်ပေါ်နေချိန်မှာပဲဒီဇင်ဘာလ၁၇ရက်နေ့မှာ MNDAAက ၎င်းတို့အသုံးပြုမယ့်တရားဝင်အလံကိုထုတ်ဖော်ပြသခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ​ရွေး​ကောက်ပွဲကိုအပိုင်း ၃ ပိုင်း နဲ့ လုပ်မယ့်လို့​ကြေညာခဲ့တာမှာ ​ရွေး​ကောက်ပွဲအပိုင်း (၁)မှာ ရှမ်းပြည်နယ်​မြောက်ပိုင်းက လားရှိူးနဲ့​နောင်ချို ပါတယ်လို့ ​ကြေညာပြီး အပိုင်း(၃)မှာ ရှမ်း​မြောက်က ​ကျောက်မဲ မှာလုပ်မယ်လို့ဆိုထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုဖြစ်၊အာဏာရှင်စနစ် ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း ၄၀ ကျော် စုပေါင်းထုတ်ပြန်

သတင်း

MNDAAနဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။