Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နဲ့ တနိုင်းမှာ စစ်တပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်နေဟု KIA ပြော

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား လတ်တလော စစ်ရေးတင်းမာနေပြီး ဗန်းမော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ပူတာအို – ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓါတ်ပုံ-The New Youk Times

၀ိုင်းမော်မှာ စစ်ကောင်စီဒရုန်း KIA ပစ်ချ

ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား လတ်တလော စစ်ရေးတင်းမာနေပြီး ဗန်းမော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ပူတာအို – ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

ကချင်ဒေသ လတ်တလော အခြေအနေတွေကို ဗိုလ်မှူးကြီးနော်ဘူက ဒီဇင်ဘာ ၂၄ရက်ညပိုင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကချင်ဒေသမှာကတော့ စစ်ရေးက တော်တော်တင်းမာတဲ့ အခြေအနေတော့ ဖြစ်ပါတယ်။ ဗန်းမော်မှာလည်းပဲတိုက်ပွဲက ခါတိုင်းလို နေ့တိုင်းဖြစ်ပါတယ်။ စကစ စစ်ကော်မရှင်ဘက်ကလေကြောင်းနဲ့တိုက်တာရှိတယ်။ လက်နက်ကြီးတို့ဒရုန်းနဲ့ရောပေါ့။ အထူးသဖြင့် မိုးမောက်ဘက်ကို သွားတဲ့ ၃မိုင်နေရာ၊ ၄မိုင်နေရာဘက်မှာပေါ့နော်။ သူတို့ ပြန်ပြီးမှ ထိန်းချုပ်ချင်လို့ မြေပြင်ကနေ ထိုးစစ်ဆင်တာရှိပါတယ်။ နောက်ပြီးတော့ခလရ(၄၇) ညောင်ပင်ဘက်မှာလည်းသူတို့ မြေပြင်ကနေ ထိုးစစ်ဆင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဆိုတော့ ဗန်းမော်ဘက်မှာလည်း ကျနော်တို့ ခုခံတဲ့ တိုက်ပွဲကတော့နေ့တိုင်းလိုရှိပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် လမြန်ဒေသဘက်မှာလည်း တိုက်ပွဲ နေ့စဉ်ဖြစ်နေတယ်လို့ အသိပေးပါတယ်။

“ တခါတလေကျရင် သူတို့မြေပြင်ကနေ ထိုးတာရှိတယ်။ ဒရုန်းနဲ့ ပစ်တာတွေ လေကြောင်းနဲ့ ပစ်တာတွေကတော့ နေ့တိုင်းလိုရှိပါတယ်။ ဒီနေ့ မနက်ပိုင်းကတော့ ၀ိုင်းမော်လမြန်ဘက်မှာလာတဲ့ ဒရုန်းအကြီးကြီး တခုကိုကျနော်တို့ဘက်က ပစ်ချနိုင်တယ်ဆိုတဲ့ သတင်းလည်း ထွက်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၂)တပ်ရင်း(၁၄) နယ်မြေ တနိုင်းဒေသဘက်မှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ ပြောပါတယ်။

“ပယင်းမှော်တွေ ရွှေမှော်တွေရှိတယ်။ အရင်က သူတို့ လက်လွှတ်ခဲ့တဲ့သူတို့ရဲ့စခန်းဟောင်းတွေလည်း အများကြီးရှိတယ်။ အဲဒီဘက်မှာလည်း လွန်ခဲ့တဲ့ အပတ်ကနေ သူတို့ ထိုးစစ်ဆင်တာရှိပါတယ်။ အင်အားအလုံးအရင်းနဲ့ ထိုးတယ်လို့ ပြောရမှာပေါ့။ အင်အား ၄၀၀ ၊ ၅၀၀ လောက်နဲ့ထိုးပြီးမှ အဲဒီဘက်မှာလည်း နေ့တိုင်းလို တိုက်ပွဲရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၀ိုင်းမော်မြို့နယ် ဂွေထုကျေးရွာဘက်ကိုလည်း စစ်တပ်က လေကြောင်းဗုံးကြဲမှု ရှိတယ်လို့ အသိပေးပါတယ်။

“တပ်ရင်း(၃) နယ်မြေဖြစ်နေတဲ့ ဂွေထုယာန်ဆိုတဲ့ ဝါရှောင်နားက ရွာတခုမှာလည်း သူတို့ ဗုံးကြဲတာ။ လေကြောင်းနဲ့ ဗုံးကြဲတာရှိပါတယ်။ လူအထိအခိုက်တွေကတော့ ကျနော်တို့ စုံစမ်းဆဲဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် ပူတာအို ခေါင်လန်ဖူးဘက်မှာလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတာ၊ ရိက္ခာခဲယမ်း ဖြည့်တင်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“တောမှာ တောင်မှာ သူတို့ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေအတွက် သူတို့ စားနပ်ရိက္ခာတွေ နောက်လက်နက်ခဲယမ်းတွေလည်း လေကြောင်းက ပို့ပေးတာတွေရှိပါတယ်။ အဲဒီဘက်မှာလည်း ကျနော်တို့နဲ့ မြေပြင်ထိတွေ့ရင်ဆိုင်တိုက်ပွဲတော့ ခဏခဏဖြစ်ပါတယ်။ သူတို့ ရဲ့ စခန်းတွေ သိမ်းတာကတော့ မရှိပါဘူး။ အဲဒီဘက်မှာတော့ တောတို့တောင်တို့က ထိုးလာတယ်ဆိုတော့ ရွာဟောင်းတွေရှိပါတယ် ပြည်သူလူထုတွေထွက်ပြေးတဲ့ ရွာဟောင်းတွေ မှာတော့ တိုက်ပွဲတွေလည်းရှိပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

KIAနဲ့ စစ်ကောင်စီတို့ဟာ ရှမ်းမြောက် မိုးမိတ်ဒေသမှာတိုက်ပွဲဖြစ်ပွားမှု ရှိတယ်လို့ သတင်းတွေရှိနေပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ မိုးမိတ်ဘက်က အဆက်အသွယ် အခက်အခဲရှိလို့ မိုးမိတ် စစ်ရေး အခြေအနေတွေ မကြားသိရကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဝါးဘိုးကုန်းရွာမှာအရပ်သူအမျိုးသမီးတစ်ဦးဇန်နဝါရီလ ၂၀ ရက်မှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Phoenix - Special Warfare Force တော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရှေ့တန်း ကာကင်းစခန်း တစ်ခုနဲ့ ဂိတ် တစ်ခုကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တွေက ရရှိသွားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြီး ဒေသတွင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေ ဆက်ရှိနေလို့ အချိန်မရွေး တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့(ဇန်နဝါရီ ၁၄ရက်)မှာထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။