Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲက တည်ငြိမ်​အေးချမ်းမှုကို ​ဆောင်ယူပေးနိုင်ဖို့တရုတ်မျှော်လင့်ဟုဆို

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာအမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ဆောင်ယူလာပေးနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် အစိုးရက ​ပြောပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် နဲ့ တရုတ်အစိုးရ အာရှ​ရေးရာအထူးကိုယ်စားလှယ်အပါအဝင်စစ်တပ်​ရွေး​ကောက်ပွဲ​လေ့လာသူဆိုသူများ။ဓါတ်ပုံ-စစ်​ကောင်စီ

ဒီဇင်ဘာ-၃၀၊၂၀၂၅။ People’s Spring

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာအမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ဆောင်ယူလာပေးနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် အစိုးရက ​ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လင်ကျန်းက ရွေးကောက်ပွဲကနေတဆင့် မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်လာစေဖို့ မျှော်လင့်ထားကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပြီး လက်ကျန် ရွေးကောက်ပွဲ အဆင့်တွေကိုလည်း ချောချောမွေ့မွေ့ ကျင်းပပြီးစီးနိုင်ရေး တောင်းဆိုခဲ့ပါတယ်။

“ လာမယ်ဒုတိယပိုင်းနဲ့ တတိယပိုင်းရွေးကောက်ပွဲအစီအစဉ်တွေကိုလည်း ချောချောမွေ့မွေ့နဲ့ ရှေ့ဆက်နိုင်ဖို့ ကျွန်​တော်တို့မျှော်လင့်ပါတယ်။ အဲဒီကနေတဆင့် မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုကိုပြန်လည်ဆောင်ယူလာပေးနိုင်ပြီး တင်းမာမှုတွေကိုလည်း လျှော့ချနိုင်ဖို့ပါ မျှော်လင့်ပါတယ်။မြန်မာ့ နိုင်ငံရေး အခြေအနေတွေကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေပြီး အဲဒီကနေတဆင့် ပိုမိုစုံလင် ကျယ်ပြန့်တဲ့၊ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ထွန်းလာပြီး အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ပြန်ရလာဖို့လည်း မျှော်လင့်ပါတယ်” လို့လင်ကျန်းကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂနဲ့ ဒီမိုကရေစီ နိုင်ငံအများစုကတော့ စစ်တပ်ကြီးမှူးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ကင်းမဲ့တဲ့ အတုအယောင် တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ပြည်သူအများစုကစစ်တပ်​ရွေး​ကောက်ပွဲကိုမဲမ​ပေးကြသလို စစ်တပ်​ရွေး​ကောက်ပွဲလုပ်​နေချိန် နိုင်ငံရဲ့ အစိတ်အပိုင်းများစွာမှာတိုက်ပွဲတွေဖြစ်ပွား​နေပါတယ်။

​နေပြည်​​တော်က မဲရုံ ၆ ရုံကို​လေ့လာခဲ့တယ်ဆိုတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကလည်း

“ အထူးသဖြင့်ကတော့ ရွေးကောက်ပွဲတွေ ဖော်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ကြားမှာထားရှိတဲ့ သဘောတူညီမှု၊ တရုတ်-မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။တရုတ်-မြန်မာကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာဆိုရင် ပူးပေါင်း ဆောင်ရွက်မှုတွေ များစွာလုပ်နေတာဖြစ်ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီမှုတွေ များစွာ ပြုလုပ်လျက်ရှိပါတယ်” လို့ စစ်တပ်ဝါဒဖြန့်သတင်းစာ​တွေက​ဖော်ပြပါတယ် ။

စစ်တပ်​ရွေး​ကောက်ပွဲ၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူ​တွေရဲ့ မှတ်ချက်ပေးပွဲဆိုပြီး တိန့်ရှီးကျွင်းရဲ့​ပြောစကားကိုဒီဇင်ဘာလ ၃၀ ရက်ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာ​တွေက​​​ဖော်ပြထားခြင်းဖြစ်ပါတယ်။

ဒါအပြင် “ ယခု​ရွေး​ကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်း​ရေးကိစ္စဖြစ်ပြီး တရုတ်နိုင်ငံအ​နေနဲ့ ​အောင်မြင်တယ်လို့ ယူဆပါတယ်” လို့လည်းဆိုပါတယ် ။

၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ရက်ပိုင်းအလိုမှာ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကို လာ​တွေ့ခဲ့တဲ့တရုတ်အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးစနှစ်​တွေမှာ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုသလို မ​ထောက်ခံသလိုခပ်ခွာခွာ​နေပြခဲ့ပါတယ် ။ ၂၀၂၄ သြဂုတ်လမှာ ညီ​နောင်မဟာမိတ်သုံးဖွဲ့နဲ့ ​တော်လှန်​ရေးတပ်​တွေက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုသိမ်းပိုက်လိုက်ပြီး​နောက် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဝန်ယီက ​နေပြည်​တော်ကို​ရောက်လာပါတယ်။ ​နေပြည်​တော်မှာ​ရော ထိုင်းမှာပါမြန်မာ့အ​ရေးပြည်ပအင်အားစု​တွေဝင်​ရောက်စွက်ဖက်ခွင့်မပြုဘူး ဆိုတဲ့အချက်အပါအဝင်စည်းသုံးစည်းဆိုပြီး တရုတ်အစိုးရက မြန်မာ့အ​ရေးကို ​ပေါ်​ပေါ်တင်တင်စွက်ဖက်လာခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာက မြန်မာပိုင်းကလည်းစစ်တပ်​ရွေး​ကောက်ပွဲကို မင်း​အောင်လှိုင်မဲ​ပေး​နေ​တဲ့ဓါတ်ပုံအပါအဝင် သတင်းဓါတ်ပုံများစွာနဲ့” မြန်မာမဲဆန္ဒရှင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် မျှော်လင့်ချက်အသစ်ဖြင့် မဲပေး” လို့​ခေါင်းစီးတပ်ပြီး စစ်တပ်​ရွေး​ကောက်ပွဲ အပိုင်း(၁) ​ကောင်း​ကြောင်းများ​ရေးသားဝါဒဖြန့်ချီထားတာ​တွေ့ရပါတယ်။

အဆိုပါသတင်း​အောက်တွင် မြန်မာများက တရုတ်အစိုးရလုပ်ရပ်အ​ပေါ်ပြင်းထန်စွာ​ဝေဖန်​နေကြတာကိုလည်း​တွေ့ရပါတယ်။

“ မြန်မာလိုရေးပြီး တရုတ်ပြည်ကပိတ်ထားတဲ့ Facebook နဲ့ စကစအာဘော်ကိုဝါဒဖြန့်ပေးနေတာကြည့်ရင် တော်တော် supporting ကောင်းတဲ့ဆွေမျိုးပေါက်ဖော်တွေပဲနော်။” လို့ပြည်သူတဦးက​ရေးသားထားပါတယ်။

အခြားပြည်သူတဦးကလည်း “ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အနိုင်ရသွားသူက နိုင်ငံတကာကို ပတ်ရှုတ်နေတဲ့ တရှုတ်နိုင်ငံ ဖြစ်ပါတယ်” လို့​​ရေးသားမှတ်ချက်ပြုပါတယ်။

“ တရုတ်က မြန်မာပြည်ကိုထာဝရကျွန်ပြုဖို့အတွက် ပထမအပိုင်လုပ်ပြီးပြီးလိုကြွေးကြော်တာလား” လို့ ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

“ အတုအယောင်ရွေးကောက်ပွဲထောက်ခံတဲ့အယုတ်တမာအာဏာရှင်(၉)နိုင်ငံမှာတရုတ်ကထိပ်ဆုံးကဘဲ..ငါတို့ပြည်သူတွေဘယ်တော့မှမမေ့ဘူး။” လို့ပြည်သူတဦးက​ပြောထားပါတယ်။

တရုတ်အစိုးရက ​ရွေး​​ကောက်ပွဲအပြီးတည်ငြိမ်အေးချမ်းမှုရဖို့​မျှော်လင့်တယ်ဟုဆို​ပေမယ့် ဒီဇင်ဘာလ​နောက်​ဆုံးပါတ်မှာ ဗန်း​မော်တိုက်ပွဲ ၊ဘုတလင်တိုက်ပွဲ ၊စလင်း ၊ဆင်ဖြူကျွန်းတိုက်ပွဲ ၊ကသာတိုက်ပွဲ ၊ဖား​ဆောင်းတိုက်ပွဲ စသဖြင့်​ဒေသအများစုမှာတိုက်ပွဲ​တွေ ပိုပြင်းထန်​လာပါတယ်။

ကိုးကား-Anadolu Ajansi

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်တယ်လို့ တရုတ်က ကမ္ဘောဒီးယားကို သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်က ထုတ်လုပ်တဲ့ J-10 တိုက်လေယာဉ်ဟာ လက်တွေ့ တိုက်ပွဲမှာ ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ အနောက်မြောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့သိရပါတယ်။

သတင်း

ဂျန်ဘာတပ်ဆင်ပြီးလုံခြုံရေး အ​စောင့်အ​ရှောက်နဲ့ မဲရုံတွေကို လိုက်လံစစ်ဆေးနေတဲ့ ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးပါတဲ့ စစ်ကောင်စီယာဉ်​တွေကို တိုက်ခိုက်မှုအတွင်း ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်နဲ့ ယာဉ်မောင်းသေဆုံးကြောင်း ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။