Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့ကို တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထား

မြို့သိမ်းတိုက်ပွဲ ၄ရက်အတွင်း စစ်တပ် ၁၅ ဦးထက်မနည်းသေဆုံး၊ တော်လှန်ရေးရဲဘော် ၆ဦး ကျဆုံး

ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘုတလင်ပကဖ

ဒီဇင်ဘာ-၃၁၊၂၀၂၅။အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေက မြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၅ ဦးထက်မနည်းသေဆုံးရာ တော်လှန်ရေးရဲဘော် ၆ ဦးလည်း ကျဆုံးခဲ့ရကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

ဘုတလင်မြို့ပေါ်တိုက်ပွဲမှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့ ဒီဇင်ဘာ ၂၈ ရက် မနက် ၅ နာရီကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကောင်စီ တပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ အထကကျောင်းအပါအဝင်နေရာ ၄ ခုလုံးကို တပြိုင်နက်ဝင်ရောက် စီးနင်းခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဘုတလင်မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ ဒီကနေ့(ဒီဇင်ဘာ ၃၁ရက်)မှာ လေရက်မြောက်ရှိပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လက်တလောမှာ ဘုတလင်မြို့ကို ယာယီသိမ်းနိုင်ပြီး စစ်ကောင်စီတပ်ဟာ နောက်ဆုံးခံစစ် ဘန်ကာအထိုင်တွေထဲကနေ ခုခံနေတာကြောင့် ဘန်ကာထဲကနေ မထွက်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

“မြို့သိမ်းတာပါပဲ။ ဘန်ကာတွေက အရမ်းကြီးတော့ ခဲယမ်းမတိုးတာကြောင့် မသိမ်းနိုင်တာ”လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာလို့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကူ စစ်ကြောင်းထိုးလာပြီး လေကြောင်းကနေလည်း ပစ်ကူပေးခဲ့ကြောင်း၊ ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေဟာ ခဲယမ်းကျည်ဖြည့်တည်းဖို့ မလုံလောက်တာကြောင့် မြို့ပြင်ကနေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

“ဘန်ကာတွေကို RPG နဲ့ထုဖြိုတယ်။ မပြိုတဲ့အခါ ဆက်ပြီးတော့ သူတို့အထိုင်အကုန်လုံးကို သိမ်းမရဘူး။ ဘန်ကာတွေထဲကနေ ခုခံတယ်။ လေကြောင်းပစ်ကူကလည်း အဆက်မပြတ်လာနေတယ်။ စစ်ကြောင်းကလည်း ထိုးနေတယ်။ စစ်ကြောင်းထိုးတာကလည်း ၂၇ ရက်နေ့ကနေစထိုးတာ။ ၃၀ ရက်နေ့မှ ဝင်နိုင်တယ်။ မြို့ပေါ်ဝိုင်းထားတဲ့ ကျနော်တပ်တွေ ခဏနောက်ကိုပြန်ခေါက်ထားရတယ်။”လို့ စစ်ကြောင်းမှူးက ပြောပါတယ်။

တိုက်ပွဲဟာ နေ့လယ် ၂ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တွေဘက်ကလည်း မြို့တွင်းမှာ ရဲဘော် ၃ ဦး၊ နမခ တပ်ကူစစ်ကြောင်းဖြတ်တောက်ရေးမှာ ရဲဘော် ၃ ဦး စုစုပေါင်း ၆ ဦး ကျဆုံးခဲ့ကြောင်း တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ်ကဲရေးမှုး အပါဝင် မုံရွာခရိုင် ပကဖရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ်၂၀ တပ်ရင်း/ မုံရွာခရိုင် ဗျူဟာ ၆၆တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း၊ ယင်းမာပင် ခရိုင် 9+1 တပ်ရင်း၊ Burma Army (B.A) အမှတ်၁ တပ်ရင်း၊ မုံရွာ ခရိုင် ဒဒုန်းတပ်ဖွဲ့/ရွှေဘို ခရိုင် ဒဒုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့၊ ရေဦးမြို့နယ် ပကဖ အဖွဲ့၊ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့​ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။