Connect with us

Hi, what are you looking for?

သတင်း

၂၀၂၆ဟာ ကရင်နီပြည် အမျိုးသားလွတ်မြောက်ရေးအိပ်မက်အပြင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် လက်တွဲကြိုးပမ်းကြမယ့်နှစ်လို့ IECဥက္ကဋ္ဌပြော

၂၀၂၆ဟာ ကရင်နီပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ်အစပြုဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ်ဖြစ်လာစေဖို့နဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် အတူတကွလက်တွဲညီညွတ်စွာဆက်လက်ကြိုးပမ်းကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်။ ဓာတ်ပုံ - IEC

ဇန်နဝါရီ-၁ ၊၂၀၂၆။ဇော်ဝင်း/People’s Spring

၂၀၂၆ဟာ ကရင်နီပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ်အစပြုဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ်ဖြစ်လာစေဖို့နဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် အတူတကွလက်တွဲညီညွတ်စွာဆက်လက်ကြိုးပမ်းကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

ကမ္ဘာ့နှစ်သစ်ကူးအခါသမယဖြစ်တဲ့ ဒီကနေ့ (ဇန်နဝါရီ ၁ ရက်)မှာ ကရင်နီပြည်သူတွေကို ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ IEC ဥက္ကဌက အထက်ပါအတိုင်း ပြောထားပါတယ်။

သမိုင်းမှာ အလွန်ခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလတွေကို ကြံ့ကြံ့ခံကျော်လွှားလာခဲ့ကြတဲ့ ကရင်နီပြည်သူတွေကို ၂၀၂၆ နှစ်သစ်ကူးအခါသမယမှာ အလွန်လေးနက်တဲ့ ဂုဏ်ပြုစကား၊ မေတ္တာ၊ ခွန်အားပေးခြင်းနဲ့အတူ သဝဏ်လွှာကို ပေးပို့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ကရင်နီပြည်နယ်က အာဏာရှင်စနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုအောက်မှာ လူမှုဘဝ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေးစတဲ့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့နေရပေမယ့် ပြည်သူတွေရဲ့ သတ္တိ၊ အညံ့မခံ အားမလျော့သော စိတ်ဓာတ်၊ လွတ်မြောက်ရေးအပေါ် ယုံကြည်ချက်တို့ကို ဘယ်လိုအခက်အခဲကမှ မတားဆီးနိုင်ဘူးလို့ ဖော်ပြပါတယ်။

ကရင်နီပြည်သူတွေရဲ့ တော်လှန်ရေးက မိမိတို့ချည်းအတွက်ပဲမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မဖြစ်မနေ အခြေခံအင်အားတစ်ရပ် ဖြစ်တယ်လို့ အသိပေးပါတယ်။

ကရင်နီဒေသရဲ့ တည်ကြည်မှု ၊ စွန့်လွတ်မှု ၊ အနိုင်မခံအရှုံးမပေး စည်းလုံးညီညွတ်မှုတို့က တရားမျှတမှုကို လိုလားတဲ့ မြန်မာပြည်သူ တစ်ရပ်လုံးနဲ့တစ်သားတည်း ရပ်တည်နေတယ်ဆိုတဲ့ သက်သေထူခြင်းလည်းဖြစ်တယ်လို့ ခူဦးရယ်က ပြောပါတယ်။

၂၀၂၆မှာ ကရင်နီပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ် အစပြု ဖော်ဆောင်နိုင်တဲ့ နှစ်တနှစ်ဖြစ်လာဖို့ နဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက်ကရင်နီပြည်သူအားလုံး အတူတကွ လက်တွဲညီညွတ်စွာ ဆက်လက်ကြိုးပမ်းကြဖို့လည်း သူက တိုက်တွန်းပါတယ်။

ကရင်နီပြည်သူတွေရဲ့ တော်လှန်ရေးသမိုင်းက ကမ္ဘာ့သမိုင်းမှာ မော်ကွန်းတင်ထိုက်တဲ့ ဇွဲ၊ သတ္တိ၊ အညံ့မခံ အရှုံးမပေးမှု၊ ဂုဏ်သိက္ခာတို့ရဲ့ သက်သေတစ်ရပ် အမှန်ဖြစ်စေဖို့ ဆက်လက် အားထုတ်ကြဖို့လည်း IEC ဥက္ကဌက တိုက်တွန်းပါတယ်။

ကရင်နီပြည်အတွက် အောင်ပွဲနဲ့ အမျိုးသားရေးပန်းတိုင်ကို ဧကန်အမှန် ပိုမိုချဉ်းကပ်နိုင်တဲ့နှစ်တစ်နှစ် နဲ့ ကရင်နီပြည်သူများအတွက် အသစ်သော လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ အနာဂတ်သစ်တို့ ထာဝရအစဥ်အမြဲ တည်တံ့ခိုင်မြဲ တိုးပွား ပါစေဖို့လည်း အသိပေးပါတယ်။

ဒါ့အပြင် ၂၀၂၆မှာ ဖက်ဒရယ်အခြေခံခိုင်မာတဲ့ ဥပဒေပြုစနစ်ကို အမြန်တည်ဆောက်ဖို့၊ ပြည်သူ့ အခြေပြု ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အပြည့်အဝ ဖော်ဆောင်ဖို့၊တိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး၊ တန်းတူအာမခံချက် ရရှိစေဖို့နဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို နိုင်ငံ ရေး အခြေခံအုတ်မြစ်အဖြစ် ထူထောင်ဖို့ ကရင်နီပြည်နယ်မှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူသားဆန်တဲ့ အဆင့် အားလုံးကနေ ပိုမိုတက်ကြွစွာ ထောက်ပံ့ကူညီပေးဖို့လည်း သဝဏ်လွှာကနေတဆင့်တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေနေဆဲလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။

သတင်း

ကရင်နီပြည်မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက် အဖြစ်သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်ထုက ဒီကနေ့(ဒီဇင်ဘာ ၂၁ရက်)မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။