Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်လက်အောက်ခံ ရုံးတွေကိုPDFတွေ ဝင်ရောက်စီးနင်း

ဆိပ်ဖြူမှာစစ်တပ်ဂိတ်နဲ့ စစ်ယာဥ်တန်း PDF​တွေတိုက်ခိုက် စစ်သား ၂၀ခန့်​သေ၊စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်း​တွေရ

ဆိပ်ဖြူ ၊ဆင်ဖြူကျွန်း မြို့​တွေကစစ်သား​တွေနဲ့စစ်တပ်ရုံး​တွေကို စီးနင်းတိုက်ခိုက်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-NUG-MOD

ဇန်နဝါရီ-၃၊၂၀၂၆။သတိုး/People’s Spring

စစ်ရေးအရှိန်မြှင့်ထားတဲ့ မကွေးတိုင်း စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့က စစ်ကောင်စီရဲ့​ ရုံးဌာနတွေကိုPDF ​တွေကဇန်နဝါရီ ၁ ရက်မှာဝင်ရောက်စီးနင်းခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကအသိပေးထားပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကစတင်ပြီး မကွေးတိုင်းထဲက စစ်ကောင်စီအခြေပြုစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ခရိုင်စစ်ဌာနတွေ တပ်ရင်းတပ်ဖွဲ့‌ တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့‌ (ပကဖ) တွေက မဟာမိတ်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။

ဒီဇင်ဘာ ၂၄ ရက်မှာ ဆိပ်ဖြူမြို့နယ် သံဇလုံကျေးရွာက စစ်တပ်စစ်ဆေးရေးဂိတ်ကို ပခုက္ကူ ခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကသုံးဦးသေဆုံးကာ ဂိတ်ကိုလည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၃၀ မှာ‌တော့ ဆိပ်ဖြူကနေ ထွက်လာတဲ့ စစ်သားအင်အား ၃၀ ကျော်ပါဝင်တဲ့ကားလေးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ စစ်သား၁၆ ဦးသေဆုံးပြီး စစ်သုံ့ပန်းတစ်ဦးဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

အဲဒီ့စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ကားနှစ်စီးပျက်စီးသွားပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေသိမ်းနိုင်ခဲ့ပါတယ်။

ဒါအပြင်စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် စစ်ကောင်စီထောက်တိုင် ရုံးဌာနတွေကို မင်းဘူးခရိုင်တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်မှာ NUG က သတင်းထုတ်ပြန်တာပါ။

ဒီလိုစစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လည်း တပ်ဖွဲ့ဝင်တွေကို တတ်နိုင်သလောက်ကူညီပေးဖို့ NUG ကတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook