Connect with us

Hi, what are you looking for?

သတင်း

ယန်စီကြေးနီကုမ္ပဏီက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ယန်စီကြေးနီကုမ္ပဏီဝင်းအတွင်းက လုံခြုံရေးစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၂၊ ၂၀၂၆။​​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ယန်စီကြေးနီကုမ္ပဏီဝင်းအတွင်းက လုံခြုံရေးစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၁၁ရက် မနက် ၁၀ နာရီခန့်ကစပြီး နေ့လယ် ၂နာရီခန့်အထိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ယန်စီကုမ္ပဏီ(ကြေးနီမိုင်း)အတွင်းက လုံခြုံရေးစစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ယန်စီကုမ္ပဏီအတွင်းက စစ်တပ်ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ကုမ္ပဏီအနီးက ဝါတန်းရွာ​က နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ယန်စီကုမ္ပဏီဝင်းထဲက စစ်တပ်ရဲ့ အထိအခိုက်ကတော့ စုံစမ်းနေတုန်းပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယန်စီကုမ္ပဏီဝင်းအတွင်းက စစ်အုပ်စုကို မည်သည့်တပ်ဖွဲ့က တိုက်ခိုက်တယ်ဆိုတာ လက်တလောထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အဲ့ဒီယန်စီကုမ္ပဏီဝင်းအတွင်းက စစ်ကောင်စီတပ်ဟာ အနီးဝန်းကျင်က ကျေးရွာတွေကို မကြာခဏ ဝင်ရောက် စစ်ကြောင်းထိုးတာ၊ ပစ်ခတ်တာ၊ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook