Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ရှောင်လမ်းမှာ ဒုရဲမှူးနှစ်ဦးနဲ့ ရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးနှစ်ဦးအပါအဝင် ရဲ သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

‌ဇန်နဝါရီ-၁၂၊ ၂၀၂၆။ မေ၊ အလင်္ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးနှစ်ဦးအပါအဝင် ရဲ သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရွှေဘိုမြို့ရှောင်လမ်းက စပါးတင်တဲ့ ကားတွေနဲ့ နွားကားတွေကို ဆက်ကြေး ကောက်ဖို့ သွားချိန် ပစ်ခတ်ခံရတာလို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ စစ်ကောင်စီ ရဲနဲဲ့ ပျူစောထီး ၇ဦးလိုက်ပါလာပြီး အခြား နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒုရဲမှူးနှစ်ဦးနဲ့ ရဲအုပ်တစ်ဦး ကားနဲ့ ဆက်ကြေး ကောက်ဖို့သွားတဲ့ အချိန်ကို နောက်ကနေ မြေသယ်ကားနဲ့ လိုက်ပစ်တာ။ ၃ယောက်လုံးသေတယ်”လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားဒေသခံတစ်ဦးကလည်း “သူတို့က မြို့ရှောင်လမ်းမှာတွေ့တဲ့ စပါးကားတစ်စီးကို ၂ သောင်း၊ နွားကားတစ်စီးကို ၁သိန်းကနေ ၁၀သိန်းအထိတောင်းတာတွေ ရှိတယ်”လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့က ဒုတိယရဲမှူးထွန်းထွန်းလင်းနဲ့ နောက်ထပ်ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရသူနှစ်ဦးကို ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသပေးခြင်းမရှိဘဲ ရဲစခန်းအတွင်းမှာပဲ ဆေးကုနေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူ မြို့ခံတစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကို စစ်တပ်ကပဲ လာကောက်ကာ မနေ့ကပဲ ရွှေဘိုသုဿန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပစ်ခတ်ခဲ့တဲ့ တပ်ဖွဲ့ကတော့ မထုတ်ပြန်သေးပါဘူး။

အဲဒီလို တိုက်ခိုက်ခံရပြီး စစ်ကောင်စီက ရွှေဘိုမြို့မြို့ရှောင်လမ်းကို မနေ့ကစပြီး သွားလာခွင့် ယာယီပိတ်ထားကြောင်း ဒေသခံနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook