Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅ ဒီဇင်ဘာအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀၀နီးပါး သေဆုံး

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၉၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၇၅ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

<!-- wp:paragraph --> <p>(ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်တပ်က ၂၀၂၅ ဒီဇင်ဘာ ၃၁ ညမှာ လေကြောင်းကနေ ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်နေစဉ်။ ဓာတ်ပုံ - AA)

ဇန်နဝါရီ ၁၅၊ ၂၀၂၆။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၁၉၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၇၅ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၅၅၀ ကျော်ရှိခဲ့ လေကြောင်းတိုက်ခိုက်မှု ၂၆၂ ကြိမ်အထိအရှိန်မြှင့် ကျူးလွန်ခဲ့တာလို့ အသိပေးထားပါတယ်။

“၂၀၂၅ ရဲ့ နောက်ဆုံးလ ဒီဇင်ဘာမှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ သွေးစွန်းတဲ့ ရက်စက်မှုတွေက ရပ်တန့်မသွားဘဲ ပိုလို့တောင် ဆိုးရွားလာခဲ့ပါတယ်” လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၂၆၀ ကျော်ရှိရာ စစ်ကိုင်းတိုင်းဟာ အကြိမ် ၇၉ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး အများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်းက ပြည်သူ ၈၁ ဦးသေဆုံးခဲ့ရာကလေးငယ် ၆ ဦး ပါဝင်ပါတယ်။ ရက္ခိုင်ပြည်နယ်မှာ က ကလေးငယ် ၅ဦး အပါအဝင် ပြည်သူ ၅၄ ဦး သေဆုံးခဲ့ရပါတယ်။

“နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဟာ ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတာပဲဖြစ်လို့ ဒီကျူးလွန်မှုတွေအတွက် တရားမျှတမှု ပြန်ရနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က အခိုင်အမာ သက်သေယူ မှတ်တမ်းတင်လျက်ရှိပြီး အပြစ်ပေးအရေးယူနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်း အသိပေး တင်ပြလိုက်ပါတယ်”လို့ ဝန်ကြီးဌာနရဲ့ ထုတ်ရပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးရေးဆိုင်ရာ အဆောက်အဦး တွေလည်း လေကြောင်း တိုက်ခိုက်ခံခဲ့ရ တယ်လို့ အသိပေးပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓ ဘာသာဘာသာရေးအဆောက်အအုံ ၂၁လုံး၊ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ ၃လုံး၊ စာသင်ကျောင်း ၁၅ကျောင်း၊ အရပ်သား ပြည်သူ နေအိမ် ၃၁၇ လုံး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၄ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အစုလိုက်၊ အပြုံလိုက် အသက်ဆုံးရှုံး ဒဏ်ရာရတာတွေရှိနေပေမယ့် ၂၀၂၆ နှစ်သစ်မှာလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ နိုင်ငံတဝန်း ဆက်လက် ပြုလုပ်နေဆဲဖြစ်လို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှု ဖြစ်စဉ်တွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။