Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က ဖြတ်သန်းခွင့်ပိတ်ထားလို့ ကားတွေပိတ်မိနေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ယာဥ်တွေ ပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းမှာ ခရီးသွားယာဥ်တွေ စောင့်ဆိုင်းနေစဥ်။ ဓါတ်ပုံ-CJ

ဇန်နဝါရီ-၁၇၊၂၀၂၆ ​​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ယာဥ်တွေ ပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားယာဥ်တွေကို ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ကားများစွာ ရပ်တန့်ထားရကာ ယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

လမ်းပိတ်တာဟာ စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းလာမှာမို့ ပိတ်ထားတာဖြစ်နိုင်ပြီး လမ်းကြောတောက်လျောက် ကင်းပုန်းတွေနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကိုင်း တပ်မ ၃၃ထဲမှာ၂ရက်ရှိပြီ ရောက်ရှိနေတဲ့ ယာဉ်တန်းကားတွေ ဒီနေ့ထွက်လာမယ်လို့ယူဆရပါတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ယာဉ်တန်းကားတွေ ထွက်လာရင် ကပ်မလိုက်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ညပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်က စစ်တပ်အထိုင်ချရာ ကံတလူတိုးဂိတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်မှုရှိခဲ့ကြောင်း စစ်ကိုင်း PDFက ထုတ်ပြန်ထားပါတယ်။

မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်ဟာ အင်အားနဲ့ရိက္ခာတွေဖြည့်တင်းတာ၊ ကြေးနီတွေသယ်ဆောင်တာတွေ ပြုလုပ်နေပြီး ၎င်းတို့ဖြတ်သန်းသွားတိုင်းလည်း တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်လေ့ရှိပါတယ်။

စစ်ကောင်စီဘက်ကလည်း ၎င်းတို့အတိုက်အခိုက်မခံရအောင် ခရီးသွားယာဥ်တွေကို အကာအကွယ်ယူတာ၊ ပြည်သူတွေကို မိုင်းရှင်းခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook