Connect with us

Hi, what are you looking for?

သတင်း

KBC ဆရာမ ၂ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ စစ်တပ်ရဲ့ခေတ်အဆက်ဆက် ပြည်သူအပေါ် ဥပဒေမဲ့ ကျူးလွန်မှုတွေရဲ့ သက်သေလို့ KHRW ပြော

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ဦး သတ်ဖြတ်ခံရတဲ့အမှု တရားမျှတမှု မရသေးတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ပြည်သူတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုကျူးလွန်တာတွေရဲ့ သက်သေဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

အဓမ္မပြုကျင့်အသတ်ခံရတဲ့ KBC ဆရာမ ၂ဦး။ ဓာတ်ပုံ - KHRW

ဇန်နဝါရီ-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ဦး သတ်ဖြတ်ခံရတဲ့အမှု တရားမျှတမှု မရသေးတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ပြည်သူတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုကျူးလွန်တာတွေရဲ့ သက်သေဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

၂၀၁၅ ဇန်နဝါရီ ၁၉ရက်က ရှမ်းမြောက် မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ကောင်းခါးကျေးရွာမှာ KBC ဆရာမ ၂ဦးဖြစ်တဲ့ ဆရာမ ခေါင်နန်စင်နဲ့ ဆရာမ မရန်လုရာတို့ဟာ ရက်စက်စွာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ (၁၁)နှစ်မြောက် နှစ်ပတ်လည် နေ့ဖြစ်ပါတယ်။

” ဒီဖြစ်စဉ်က သက်သေပြနေတာပါ။ စစ်ကောင်စီတပ်ဟာ ခေတ်အဆက်ဆက်မှာ ပြည်သူတွေအပေါ်မှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မူဝါဒသဖွယ် ကျူးလွန်ခဲ့တယ် ဆိုရမှာဖြစ်တယ်။ အတိတ်က ကျူးလွန်မှုတွေကို တရားဥပဒေအတိုင်း အရေးမယူနိုင်ခဲ့တဲ့ အကျိုးဆက်ကို ဒီကနေ့ မြန်မာပြည်သူတစ်ရပ်လုံး ခံစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် မတရားမှုကျူးလွန်တဲ့ စစ်ကောင်စီတပ်နဲ့ အာဏာရှင်စနစ်ကို အရးယူနိုင်မှသာ ကျွန်တော်တို့အားလုံး လိုလားတဲ့ လုံခြုံမှုနဲ့ တရားမျှတမှုကို ရရှိမှာ ဖြစ်ပါတယ်” လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတုန်းက စစ်တပ် စစ်ကြောင်း ကောင်းခါးကျေးရွာအနီး ရောက်ရှိစဉ် အမှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ကျူးလွန်တဲ့အထောက်အထားတွေ ရှိပေမယ့် ဒီကနေ့အထိ တရားမျှတမှု မရရှိသေးအခြေအနေ မှာ ကချင်အသိုင်းအ၀ိုင်းက နှစ်ပတ်လည်နေ့လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

KHRWကလည်း ဒီကနေ့မှာ KBC ဆရာမ ၂ဦးအမှု တရားမျှတမှု မရသေးဘဲအမှန်တရားဟာ ဖုံးကွယ်ခံထားရဆဲဖြစ်တယ်လို့ ထပ်မံ မီးမောင်းထိုး ဖော်ပြကာ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး ဆက်လက်ရပ်တည်မယ်လို့ အသိပေးထားပါတယ်။

” အချိန်တွေ ဘယ်လောက်ကြာကြာ အမှန်တရားက ဘယ်တော့မှ တိမ်မြုပ်ပျောက်ကွယ်သွားမှာ မဟုတ်သလို၊ တရားမျှတမှု မရမချင်း မေ့ပျောက်သွားမှာ မဟုတ်ဘူး။ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက်လည်း ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ကိုဂျေကော့က ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်တာ အပါအဝင် အရပ်သား ပြည်သူတွေများစွာ အသက်ဆုံးရှုံးရစေတဲ့ ရာဇဝတ်မှုပေါင်းများစွာကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေခဲ့ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့အတွက်လည်း လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းတွေက ကြိုးပမ်းလျက်ရှိသလို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီတပ် စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထုတ်ပြန်ခဲ့ပြီး စစ်တပ်က...

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။