Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံလုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ ပြည်သူတွေမပါဝင်ဖို့ KHRW မေတ္တာရပ်ခံ

‎ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ဒီကနေ့သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။

(မြစ်ဆုံစီမံကိန်း အလိုမရှိ၊ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - Kachin Human Rights Watch - KHRW)

‎သြဂုတ် ၁၁၊၂၀၂၆။ ထားမြတ်/People’s Spring

‎ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ဒီကနေ့သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။

‎အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ဟာ ၂၀၂၆ ဇွန်လအတွင်း တရုတ်နိုင်ငံ သွားရောက်ခဲ့တဲ့ ခရီးစဉ်က ပြန်လည်ရောက်ရှိလာပြီးနောက် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်

‎အဲဒီနောက်ပိုင်းမှာ စစ်အုပ်စုဟာ မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်စတင်နိုင်ရေးကို ရည်ရွယ်ကာ ပြည်သူလူထုအား စည်းရုံးလှုံ့ဆော်မှုများကို ဆက်တိုက်လုပ်ဆောင်လာလျက်ရှိတယ်လို့ အသိပေးပါတယ်

Public Service Announcement

Public Service Announcement

‎”ဒီမြစ်ဆုံ ရေကာတာစီမံကိန်းက ကျနော်တို့ကချင်ပြည်နယ်သာမက တနိုင်ငံလုံးမှာရှိတဲ့မိဘပြည်သူတွေအတွက် အထူးသတိပြုရမယ့်စီမံကိန်း ဟုတ်တဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့ဒီစာထုတ်ပြန်ရခြင်းဖြစ်ပါတယ်” KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြည်သူသို့မေတ္တာရပ်ခံချက် ထုတ်ပြန်ရတဲ့အပေါ် ရှင်းပြပါတယ်။

‎စစ်အုပ်စုဟာ မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် ပြည်သူလူထုအား စည်းရုံးလှုံ့ဆော်မှုများကို အကြိမ် (၅၀) ထက်မနည်း ပြန်လုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရတယ်လို့KHRW က ဆိုပါတယ်။

‎ဒါ့အပြင် စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီမှာ အဖွဲ့ဝင် (၁၀) ဦး ပါဝင်ပြီး၊ အဆိုပါကော်မတီဟာ ဇူလိုင်လအတွင်း ဘာသာရေးဆိုင်ရာ နေရာများကို အဓိကပစ်မှတ်ထား၍ အနည်းဆုံး (၅)ကြိမ် စည်းရုံးလှုံ့ဆော်ရေး အစည်းအဝေးများ ကျင်းပခဲ့ကြောင်း ဖော်ပြထားပါတယ်။

‎အဲဒါကြောင့် မြစ်ဆုံရေကာတာစီမံကိန်းနဲ့ သက်ဆိုင်သော စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုကြဖို့ ပြည်သူလူထုအား လေးစားစွာဖြင့် မေတ္တာရပ်ခံ ကြောင်း KHRW ကာထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

ဇွတ်သမ္မတတဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရသည် ကုလသမဂ္ဂနှင့် အာဆီယံစင်မြင့်ထက်တွင် နေရာမရဘဲ သံတမန်ရေးအရ အထီးကျန်နေချိန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)ကိုသံတမန်ရေး အသက်ရှူပေါက်နှင့်နိုင်ငံတကာတရားဝင်မှု (Legitimacy)ရရှိရေးအတွက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ ကြိုးစားနေပါသည်။

သတင်း

စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။