Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူ​တွေအင်တာနက်သုံးတဲ့​နေရာကိုစစ်တပ်ဗုံးကြဲ

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတွေအင်တာနက်သုံးတဲ့နေရာတည့်တည့်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့ပြီး သုံးစွဲသူတွေမရှိတာနဲ့ လေကြောင်းသတိပေးချက် မိနစ်ပိုင်းကြိုတင်ရရှိခဲ့တဲ့အတွက် ဒေသခံတွေဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓါတ်ပုံ-ABA ၊ CJ

■​လေ​ကြောင်းသတိ​​ပေးချက်​ကြောင့်ပြည်သူထိခိုက်မှုမရှိဟုကနဦးသတင်းရရှိ

ဇန်နဝါရီ-၂၇၊၂၀၂၅။အိမ်သွင်/People’s Spring

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတွေအင်တာနက်သုံးတဲ့နေရာတည့်တည့်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့ပြီး သုံးစွဲသူတွေမရှိတာနဲ့ လေကြောင်းသတိပေးချက် မိနစ်ပိုင်းကြိုတင်ရရှိခဲ့တဲ့အတွက် ဒေသခံတွေဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

ပက်ခွက်ဆိပ်ကျေးရွာထဲက စတားလင့်အင်တာနက်သုံးတဲ့ အများပြည်သူနေရာကို ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁ နာရီကျော်မှာတစ်ကြိမ်၊ မွန်းလွဲ ၁နာရီခန့်မှ တစ်ကြိမ် စစ်တပ်က ဗုံးကြဲတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေနေတဲ့ နေရာပါ။ညသန်းခေါင်ဆိုတော့ လာသုံးတဲ့သူတွေတော့မရှိဘူးပေါ့။ အချိန်ပိုင်းအသုံးပြုခွင့်ပေးထားတဲ့နေရာလေ။အဲ့ဒီမှာ နေတဲ့သူတချို့ကတော့ လေကြောင်းသတိပေးချက်ကြောင့် ကျင်းထဲပြေးဝင်နိုင်ခဲ့လို့ ဘေးကင်းသွားတာ။အကြဲခံရတဲ့နေရာကတော့ ကြေမွသွားတယ်” လို့ ရခိုင်သတင်းရင်းမြစ်ကပြောပါတယ်။

ပက်ခွက်ဆိပ်ကျေးရွာကို စစ်ကောင်စီကပစ်မှတ်ထားဗုံးကြဲနေပြီ ဒီနေ့တစ်နေ့တည်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးလေးကြိမ်ကြဲသွားတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်ထဲက စစ်တပ်စခန်းတွေကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေချိန်မှာ ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊လေကြောင်းကနေဗုံးကြဲတာတွေမကြာခဏပြုလုပ်နေပါတယ်။

ဇန်နဝါရီလ၂၀ရက်နေ့ညကလည်းပုဏ္ဏားကျွန်းမြို့နယ် နဲ့ ကျောက်တော်မြို့နယ်အစပ်ချောင်းတူကျေးရွာကိုလေကြောင်းကနေဗုံးကြဲခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းနဲ့သုံ့ပန်းမိသားစုဝင်၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ကျောက်ဖြူမြို့မှာလည်း စစ်တပ်ကလေကြောင်းကနေဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။