Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းက စစ်တပ်စစ်ကြောင်းပြန်ဆုတ်၊ ကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွား

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ဖျက်ဆီးခဲ့တဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေ။ ဓာတ်ပုံ - CJ)

ဇန်နဝါရီ-၂၉၊၂၀၂၆၊မေ/ People’s Spring

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်က မတ္တရာမြို့နယ်ကတဆင့် Faw ကားနှစ်စီး ၊လက်နက်ခဲယမ်းအပြည့်ပါ ကားတစ်စီးနဲ့ အင်အား၁၀၀ နီးပါးဟာ ရှိမ်းမကားရွာအထိုင်ရဲစခန်းကို အင်အားဖြည့်ခဲ့ပြီးတဲ့ နောက် ကမ်းဖြူကျေးရွာဘက်ကို ထပ်မံစစ် ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကမ်းဖြူကျေးရွာကို အထိုင်ချတပ်စွဲခဲ့ပြီးနောက် ဇန်နဝါရီ၂၇ ရက် ညပိုင်းမှာ သင်္ဘောတွေနဲ့ မန္တလေးတိုင်းဘက်ကို ပြန်ကူးကာ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စကစတပ်ပြန်ဆုတ်ပြီးတဲ့ မနေ့က ရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဝင်ကြတယ်။သူတို့ လက်နက်တင်ထားတဲ့ ကားကိုမီးရှို့ထားခဲ့တာ တွေ့ရတယ်။ပြည်သူ အိမ်တွေကိုလည်း တော်တော် ဝင်မွှေသွားကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းက မန္တလေးတိုင်းက ကြက်တူ ရွေးရွာကို ပေါင်းသွားတာရှိသလို ဧရာဝတီမြစ်ဘေးက စစ်ရှောင် မော်တော်တွေကို ချောဆွဲပြီး မန္တလေးဘက်ကို စုန်သွားတာလည်း ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ကမ်းဖြူကျေးရွာကစစ်ရှောင်တွေရွာထဲရွာထဲကို ပြန်ဝင်နေကြပြီလို့ သိရပါတယ်။

လက်ရှိမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ခလရ (၁၂)ကျောက် မြောင်းတပ်က စစ်ကြောင်းထိုးနေပြီး ထုံးဘိုရွာကို မီးရှို့နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။