Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း NLD အစိုးရအဖွဲ့ဝန်ကြီးဦးဇာနည်အောင်ကို ​ထောင်က​နေလွှတ်​​ပေး

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဇာနည်အောင် ဟာ ထောင်ဒဏ်စေ့သွားလို့ ဒီနေ့ (အောက်တိုဘာလ ၂၃ ရက်)မှာ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဓာတ်ပုံ - မန္တလေး NLD ပါတီ

■ဦးဇာနည်​အောင်ကို အကြမ်းဖက်ဖို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်အချို့လှုံ့​ဆော်​နေ

■​ထောင်ကလွှတ်​ပေးဆို​ပေမယ့် ည​နေပိုင်းအထိ အိမ်ပြန်မ​ရောက်

အောက်တိုဘာ-၂၃ ၊၂၀၂၆/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဇာနည်အောင် ဟာ ထောင်ဒဏ်စေ့သွားလို့ ဒီနေ့ (အောက်တိုဘာလ ၂၃ ရက်)မှာ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

“ထောင်ကနေတဆင့် ရဲစခန်းကို အရင်ခေါ်သွားတာပေါ့၊ စခန်းကနေ မိသားစုနဲ့တွေ့ပေးပြီး ပြန်လွတ်မယ်ပြောတယ် “လို့ ပါတီနဲ့ နီးစပ်သူ တစ်ဦးကဆိုပါတယ်။

ဒါ​ပေမယ့်ထပ်မံရရှိတဲ့သတင်းအရစစ်အုပ်စုက ဦးဇာနည်​အောင်ကို ပြန်လွှတ်​ပေးတယ်ဆို​ပေမယ့် အောက်တိုဘာ ၂၂ ရက်ည​​နေ ၅ နာရီခွဲ​ကျော်အထိ အိမ်ပြန်မ​ရောက်​သေးဘူးလို့ ၎င်းရဲ့မိတ်​ဆွေအချို့က​ People’s Spring ကိုပြောပါတယ် ။

ဦးဇာနည်အောင်ဟာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေး တိုင်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးဖြစ်ပါတယ်။

သူ့ကို အာဏာသိမ်းစစ်တပ်က စစ်အာဏာသိမ်းမှုကိုဆန့်ကျင်အောင် ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ၊ ကိုဗစ်ကာလ အခမ်းအနားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေး ပုဒ်မ တွေ အပြင် အဂတိလိုက်စားတယ်ဆိုပြီးစွပ်စွဲကာ ထောင် ရှစ်နှစ်ချခဲ့တာပါ။

ဦးဇာနည်​အောင် ပြန်လွတ်​မြောက်လာပြီး နာရီပိုင်းအကြာမှာပဲ စစ်တပ်ဝါဒဖြန့် တယ်လီဂရန့်အချို့က သူ့ကို အကြမ်းဖက်ရန် လှုံ့​ဆော်​ရေးသား​နေကြတာကိုလည်း​တွေ့ရပါတယ်။

စစ်သတင်းဆိုတဲ့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်က”မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ဦးဇာနည်အောင် ပြန်လွတ်လာပြီတဲ့ ။မန်းက ကိုချစ်တို့ အနက်ရောင်သေမင်းတမန်တို့ တွေ ဟိုဂတုံးသောဘိတ ကို လုပ်သလို မလုပ်ကြတော့ဘူးလား လုပ်သင့်တယ်နော်”

အောက်တိုဘာ၂၂ ရက်၊မနက် ၁၀ နာရီ​ကျော်မှာ လှုံ့​ဆော်​ရေးသားထားပါတယ် ။

ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)ကို၂၀၂၃ ဇွန်လ ၂၀ မှာ​အိုးဘို​ထောင်က​ထောင်ရက်​စေ့လို့ပြန်လွတ်ရမှာဖြစ်​ပေမယ့် စစ်အုပ်စုက​ထောင်က​နေ ​ခေါ်ထုတ်သွားကာ သတင်းအစအနပျောက်​သွားပြီး စစ်တပ်ကသတင်းအ​မှောင်ချခဲ့ပါတယ် ။

ဦးဇာနည်အောင်နည်းတူ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကိုစစ်တပ်က ဖမ်းဆီးခဲ့တာပါ။

တိုင်းဝန်ကြီးချုပ်ဖြစ်သူဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦးတို့ကတော့မတရားဖမ်းဆီးအကျဉ်းချခံရချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရတာကြောင့် ထောင်ထဲမှာပဲ ဆုံးပါးခဲ့ရပါတယ်။

ကျန်ဝန်ကြီးတွေကတော့ လွတ်ရက်စေ့လို့ စစ်တပ်က ပြန်လွှတ်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာမှာ ညီအကို ၃ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲရွာကရေကန်မှာမနေ့ ( စက်တင်ဘာလ ၃၀ ရက် )ညနေပိုင်းက လူငယ်အမျိုးသားသုံးဦး ရေနစ်သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူ ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။