Connect with us

Hi, what are you looking for?

သတင်း

ဘုရားကြီးဂေါပကဥက္ကဌ ထီးတင်ပွဲမှာ ရုတ်တရက် ကွယ်လွန်

မန္တလေးဘုရားကြီးက ဂေါပကဥက္ကဌ ထီးတင်ပွဲမှာ ရုတ်တရက်ကွယ်လွန်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၃၁၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးဘုရားကြီးက ဂေါပကဥက္ကဌ ထီးတင်ပွဲမှာ ရုတ်တရက်ကွယ်လွန်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၁ရက် မနက်ပိုင်းက မန္တလေး မဟာမုနိဘုရားကြီးမှာ ပြုလုပ်ခဲ့တဲ့ ထီးတင်ပွဲအခမ်းအနားမှာ ဂေါပက ဥက္ကဋ္ဌ ဦးမြဝင်းဟာ ရုတ်တရက်လဲကျကွယ်လွန်သွားတာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

“ဟုတ်ပါတယ်။ မနက်က ဖြစ်သွားတာ။ အသက်ကလည်းကြီးပြီ။ သူက ဦးသိန်းစိန်အစိုးရလက်ထက် မန္တလေး မြို့တော်စည်ပင်မှာလည်း အကြံပေးအဖွဲ့ ဒုခေါင်းဆောင်လုပ်ခဲ့ဖူးတယ်။”လို့ သူနဲ့နီးစပ်တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဥက္ကဋ္ဌဦးမြဝင်းဟာ နှလုံးရောဂါကြောင့် နှလုံးစက်တပ်ထားသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၇၅)နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ဦးမြဝင်းရဲ့ နာရေးကို ​ဖေ​ဖော်ဝါရီ ၁ ရက်မွန်းလွဲတစ်နာရီခွဲမှာလုပ်ဖို့ စီစဥ်ထားတယ်လို့ ဂေါပကအဖွဲ့နဲ့နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

မဟာမုနိဘုရားကြီးမှာ လက်ရှိ ဇာတ်ပွဲလေးပွဲနဲ့ ဘုရားပွဲတော်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ