Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထွက်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေရဲ့ လက်​မောင်းတံဆိပ်​​တွေကိုတွေ့ရစဉ်။)

ဇန်နဝါရီ-၃၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထွက်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

ဆန်းကြွယ်ရွာ အနီးမှာရှိတဲ့ ညောင်ပင်ကုန်း နဲ့ ယူမာကျေးရွာဘက်မှာ ဒီကနေ့ (ဇန်နဝါရီ၃၁ရက်) မနက်အစောပိုင်းကတည်းကတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ဖားကန့်ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းထွက်လာလို့ တိုက်တာ။ တိုက်ပွဲကပြင်းထန်တယ်။အကြီးအသေး အစုံပဲ”လို့ KPDFနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညောင်ပင်ကုန်းဟာ ဆန်းကြွယ်ကျေးရွာအနီးမှာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ရင် စစ်ကောင်စီတပ်က လက်နက်ကြီး အင်အားသုံးတိုက်ခိုက်လေ့ရှိပါတယ်။ပြီးခဲ့တဲ့၂၀၂၅ စက်တင်ဘာက ဆန်းကြွယ်ကျေးရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို KIA၊KPDFကတိုက်ခိုက်ခဲ့ရာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်း ထိခိုက်သေဆုံးမှုများပြားခဲ့ပါတယ်။

လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းဟာ KIAထိန်းချုပ်ထားတဲ့ ဆိပ်မှုကျေးရွာဘက်ကိုဦးတည်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၈ရက်က ဖားကန့်မြို့မှာ စစ်ကောင်စီရွေးကောက်ပွဲပြုလုပ်နေစဉ် KIA၊KPDF ပူးပေါင်းတပ်တွေက စစ်ကောင်စီပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။

လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စစ်ရေးပြန်တင်းမာလာတာလို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေပြီး လုံခြုံတဲ့နေရာမှာနေကြဖို့ ဒေသခံတွေ အချင်းချင်းသတိပေးနေကြပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်နေပြီးကချင်ပြည်နယ်မှာ၂၀၂၅အတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၃ဦး သေဆုံး၊ ၁၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့တယ်လို့ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နဲ့ တိုက်ပွဲတွေလည်းဖြစ်ပွားနိုင်လို့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA၊KPDFပူးပေါင်းတပ်က ဒေသခံတွေကိုသတိပေးထားပါတယ်။

●ပြင်ဆင်ချက်

​ညောင်ပင်ကုန်းကို ကနဦးသတင်း​ဖော်ပြချက်မှာရွာလို့မှားယွင်း​ဖော်ပြခဲ့ပါတယ် ။အမှန်မှာ ရွာအမည်မဟုတ်ပဲ ဆန်းကြွယ်ရွာအနီးက ​​တောင်ကုန်းတစ်ခုအမည်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ