ဇန်နဝါရီ-၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မတရားမှုကို အတူတွန်းလှန်တိုက်ခိုက်ဖို့ စိတ်အားထက်သန်ရင်အတူ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ တပ်သားသစ်များ စိစစ်ခေါ်ယူနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးခရိုင် တပ်ရင်း(၂)က ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။
စစ်ကောင်စီတပ်ကို စစ်ရှိန်မြှင့်တိုက်ခိုက်နေတဲ့ ပဲခူးခရိုင် တပ်ရင်း(၂)က တပ်သားသစ်တွေ အလိုရှိကြောင်း မနေ့က ဇန်နဝါရီ ၃၀ရက်မှာ ထပ်မံ ထုတ်ပြန် ဖိတ်ခေါ်ခဲ့တာပါ။
“စစ်ဖိနပ်အောက်မှာ ဆက်ငုံ့ခံမလားညီကိုတွေနဲ့အတူ တော်လှန်မလား ။ စစ်ဖိနပ်အောက်မှာအနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်တွေ ဘယ်အချိန် မိမိအိမ်တံခါးဝကိုလာခေါက်လာမလဲ ဘယ်အချိန််ပေါ်တာဆွဲခံရမလဲဆိုပြီး စိုးရိမ်ကြောက်ရွံ့နေရတဲ့ဘဝတွေကနေ ရုန်းထွက်ခဲ့ကြပါ” လို့လည်း ပဲခူးခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။

Public Service Announcement
သတ်မှတ်ချက်တွေ ကိုက်ညီသူတွေအနေနဲ့ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 ရဲ့ Page Messenger ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနရှိ တပ်ဖွဲတခုဖြစ်သော ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃) တပ်ရင်း(၉)မှာ အခြေစိုက်ကာသန္ဓေတည်ပြီး ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ ကျောက်တံခါးမြိုနယ်၊ ဖြူးမြိုနယ်၊ ညောင်လေးပင်မြိုနယ်တဝိုက်ရှိ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ တပ်ရင်းဖြစ်ပါတယ်။
တပ်သားသစ်တွေအတွက် ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းရဲ့ သတ်မှတ်ချက်တွေကိုလည်း ဖော်ပြခဲ့ရာ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ကျန်းမာရေးအထူးကောင်းမွန်ဖို၊ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စံပြုတည်မြဲအမိန့်ပါ ကျင့်ဝတ်နဲ့ စည်းကမ်းတွေ၊ တပ်ရင်း/တပ်ဖွဲမှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းတွေနဲ့ ကွပ်ကဲမှုအဆင့်ဆင့်ကို လိုက်နာနိုင်သူဖြစ်ဖို လိုအပ်ကြောင်း အသိပေးပါတယ်။
အခြေခံစစ်ပညာသင်တန်းအပြင် လိုအပ်ပါက တပ်ရင်းမွမ်းမံသင်တန်းများကို တက်ရောက်နိုင်ရမှာ ဖြစ်သလို ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲမထားဘဲ ပြည်သူကိုဦးထိပ်ထားပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူဖြစ်ရမယ်လို ထုတ်ပြန်ပါတယ်။
ပေးအပ်တဲ့ တာဝန်ကို နေရာဒေသ ၊ အချိန်ကာလမရွေး တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို ဖော်ပြထားသလို ကိုယ့်ကျင့်တရားကောင်းမွန်ပြီး ရဲဘော်ရဲဘက်စိတ်ပြည့်ဝစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လိုစိတ်ရှိရမယ်လို အသိပေးပါတယ်။
ဒါ့အပြင် တော်လှန်ရေးရပ်တည်ချက်ခိုင်မာပြီး လူမှုရေးအရှုပ်အထွေးကင်းရှင်းသူဖြစ်ဖို့၊ ပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ်သစ္စာစောင့်သိပြီး တိုင်းပြည်နဲ့ လူမျိူးအပေါ် စွန့်လွတ်အနစ်နာခံယူလိုစိတ်ရှိဖို့သတ်မှတ်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်သူတွေ လျှောက်ထားရန်မလိုကြောင်း ဖော်ပြထားပါတယ်။
ဗျူဟာ(၂၅)ရဲ့ ပဲခူးခရိုင်တပ်ရင်း၂ -၃၇၀၂တပ်ရင်းဟာ ဇန်နဝါရီ ၉ရက်က ဖော်ဆောင်ခဲ့တဲ့ ကျောက်တံခါးမြိုနယ် တောကျွဲအင်းမြိုသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။


















































