Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမှာ အိမ်အငှားနဲ့ လုပ်ငန်းလိုင်စင်လျှောက်သူတွေ စည်ပင်ရဲ့ထပ်တိုးစည်းကမ်းချက်ကြောင့် အခက်တွေ့နေ

မန္တလေးမြို့မှာ အိမ်အငှားနဲ့ လုပ်ငန်းလိုင်စင် လျှောက်သူတွေ စည်ပင်ရဲ့ထပ်တိုးစည်းကမ်းချက်အသစ်တွေကြောင့် အခက်တွေ့နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်ရုံးကို တွေ့ရစဥ်။ ဓါတ်ပုံ - CJ

ဖေဖော်ဝါရီ-၁၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ အိမ်အငှားနဲ့ လုပ်ငန်းလိုင်စင် လျှောက်သူတွေ စည်ပင်ရဲ့ထပ်တိုးစည်းကမ်းချက်အသစ်တွေကြောင့် အခက်တွေ့နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့စည်ပင်သာယာရေးရုံးမှာ အိမ်အငှားနဲ့ လုပ်ငန်းလိုင်စင်လျှောက်မယ်ဆိုရင် ၎င်းတို့ငှားရမ်းထားတဲ့ အိမ်ရှင်က အိမ်ငှါးပိုင်ခွင့် လိုင်စင်ရှိမှသာ လုပ်ငန်းလိုင်စင်ချထားပေးကြောင်း မြို့ခံတွေက ပြောပါတယ်။

” တချို့အိမ်ရှင်တွေက အိမ်ငှားလိုင်စင်မလု​ပ်ထားကြဘူး။ သူတို့အိမ်ငှားလိုင်စင်မရှိတာနဲ့ ငှားနေတဲ့သူ လုပ်ငန်းလိုင်စင်လုပ်မပေးတော့တာ မဖြစ်သင့်ဘူးလေ”လို့ အိမ်အငှားနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခင်က လုပ်ငန်းလိုင်စင်လျှောက်ရာမှာ မြို့နယ်မီးသတ်ထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက်၊ ဘေးပတ်ဝန်းကျင် ထောက်ခံချက်တွေပါရင် လိုင်စင်ချထားပေးပြီး ယခုအခါ အိမ်ရှင်ရဲ့ အငှားလိုင်စင်ပါမှဆိုတဲ့ သက်မှတ်ချက် ထပ်တိုးလိုက်တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မန္တလေးစည်ပင်ရုံးအတွင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက လုပ်ငန်း လိုင်စင်နဲ့ အခြားစည်ပင်လုပ်ငန်းတွေ လာလုပ်တဲ့သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေတယ်လို့ သွားရောက်ဖူးသူတွေက ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်အပါအဝင် စည်ပင်ဌာနအသီးသီးဟာ စစ်ကောင်စီအတွက် ဝင်ငွေအများအပြားကို ရှာဖွေပေးနေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။