Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးက နွေဦးတော်လှန်ရေး(၅)နှစ်ပြည့် လူထုလှုပ်ရှားမှု

စစ်တပ် အာဏာသိမ်းတာ(၅)နှစ်ပြည့်တဲ့ မနေ့က ဖေဖော်ဝါရီ ၁ ရက်က ဆားလင်းကြီးမြို့နယ်တနေရာမှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ-၂၊ ၂၀၂၆။People’s Spring

စစ်တပ် အာဏာသိမ်းတာ(၅)နှစ်ပြည့်တဲ့ မနေ့က ဖေဖော်ဝါရီ ၁ ရက်က ဆားလင်းကြီးမြို့နယ်တနေရာမှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။

ယနေ့အချိန်ထိ စစ်ဘေးဒဏ်၊လူမှုစီးပွားရေးဒဏ်၊စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းဒဏ်များစွာကို ကြံ့ကြံ့ခံကာ အာဏာရှင်စနစ်ကို တွန်းလှန်ပေးကြပါသော ပြည်သူလူထုကြီးကို လေးစားဂုဏ်ပြုဦးညွတ်ကြောင်း၊ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စည်းလုံးညီညွတ်စွာ၊ တပေါင်းတစည်းထဲ အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ တိုက်ပွဲဝင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ