ဖေဖော်ဝါရီ-၂၊၂၀၂၆/People’s Spring
စစ်အာဏာသ်ိမ်းမှု (၅)နှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံရောက်မြန်မာအရေးလှုပ်ရှားသူအချို့ဟာဘန်ကောက်မြို့က ကုလသမဂ္ဂရုံး(UN)ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁ရက်မှာ ထိုင်းရောက်မြန်မာအရေးလှုပ်ရှားနေတဲ့ Bright Future (တောက်ပသော အနာဂတ်)အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ ဆူရချ်ဂီရိီက ပြောပါတယ်။

ဆန္ဒပြပွဲမှာ ရွေးကောက်ပွဲလက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးရေးနဲ့ လုယူထားတဲ့ နိုင်ငံတော်အာဏာကို ပြန်ပေးဖို့ အချက် သုံးချက်တောင်းဆိုခဲ့တယ်လို့လည်း ဆူရချ်ဂီရိီက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် တောင်းဆိုထားတဲ့အချက်တွေကို UNရုံးကို စာပေးဖို့ခဲ့ပြီး ဆန္ဒပြပွဲကို ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းမှု (၅)နှစ်မြောက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ရက်မှာ ကမ္ဘာ့ဒေသအသီးသီးက မြန်မာတွေက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနေရာအနှံ့အပြားမှာ ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့တွေရဲ့ မြန်မာမုန်းတီးရေးလှုံ့ဆော်မှုတွေကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေ သတိထားသွားလာနေရပါတယ်။

ထိုင်းအမျိုးသားရေးအစွန်းရောက် နှုတ်ခမ်းမွှေးအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေဟာ အခုရက်ပိုင်းအတွင်း ၁၄ရက်တာ အပြင်မထွက်တဲ့ လှုပ်ရှားမှု ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – ပေးပို့


















































