Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ သုံးရက်ဆက်တိုက်ပေါ်တာဆွဲခဲ့ပြီး ၁၀၀ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ၃ ရက်ဆက်တိုက် ပေါ်တာဆွဲခဲ့ပြီး လူငယ် ၁၀၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

(မုံရွာမြို့ပေါ် လှည့်လည်ဖမ်းဆီးနေတဲ့ စစ်ကောင်စီယာဥ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

ဖေဖော်ဝါရီ-၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ၃ ရက်ဆက်တိုက် ပေါ်တာဆွဲခဲ့ပြီး လူငယ် ၁၀၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကနေ မနေ့က ဖေဖော်ဝါရီ ၂ ရက်အထိ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲခဲ့ရာ လူငယ် ၁၀၀ကျော် ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

“တစ်ရက် လေးငါးဆယ်ဆွဲနေတာ။ လမ်းကြိုလမ်းကြားတွေကော အကုန်ပတ်ဆွဲနေတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဟာ အိမ်စီးကား ၄စီး၊ လိုက်ထရပ် မိုးကာအုပ်တစီးနဲ့ ပေါ်တာပတ်ဆွဲခဲ့ပြီး ကွမ်းဝယ်နေသူ၊ နေအိမ်အရှေ့အလုပ်လုပ်‌နေသူ၊ လမ်းပေါ်သွားလာနေသူတွေနဲ့ အလုပ်ပြန်လူငယ်တွေကို ရိုက်နှက်ကာ ဒိုင်နာ ၆ ဘီးကား ၁ စီး အပြည့်နဲ့ လူငယ်အယောက် ၄၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာကင်းထောက်တွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲက ငွေနဲ့လိုက်နိုင်သူတချို့တော့ စစ်တပ်က ငွေယူကာ ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် ၂နှစ်နေရင် စစ်မှုထမ်းပါ့မယ်ဆိုတဲ့ ခံဝန်နဲ့ လက်မှတ်ထိုးပေးမှ ပြန်လွှတ်ပေးတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလထဲမှာ စစ်မှုထမ်း အပတ်စဥ်-၂၁ ကို စတင်နေပြီဖြစ်ပြီး အပတ်စဥ်-၂၂ အတွက် စစ်မှုထမ်းတပ်သားသစ်တွေ ထပ်မံစုဆောင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ