Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ် ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေမတူးရန် KIO တားမြစ်

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်တဲ့စာထုတ်ပြန်လိုက်ပါတယ်။

မြစ်ကြီးနား-၀ိုင်းမော်ဆက်သွယ်ထားတဲ့ ဧရာ၀တီမြစ်ကူး ဗလမင်းထင် တံတားအောက်မှာ စက် ယန္တရားတွေသုံးပြီး ရွှေတူးဖော်​နေကြစဥ်။ ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ-၈၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်တဲ့စာထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့စာမှာ ရွှေကူမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက် နယ်မြေ ဧရာတဝီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၆ရက်က စတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

မြစ်အတွင်း ရွှေတူးနေကြတဲ့ ရွှေဖောင်က အစီးရေ များစွာ ရှိနေတဲ့ အခြေအနေမှာ KIOက အခုလို တားမြစ်ခဲ့တာလို့ အသိပေးထားတာလို့ ကချင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေတူးဖော်မှု လုပ်ငန်းတွေကြောင့်မြစ်ရေနဲ့ သဘာပတ်ဝန်းကျင် အတွက်စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

KIO အနေနဲ့ အရင်ကလည်း KIO အုပ်ချုပ်နယ်မြေ အတွင်း ဧရာ၀တီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်တာ မလုပ်ဖို့ တားမြစ်ခဲ့တာတွေရှိပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းက KIO ရွှေကူခရိုင်က ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘာသာသာသနာမြေတွေ၊ ဘာသာရေးအဆောက်အဦးတွေ ဒေသခံတွေ ထွန်ယက်စိုက်ပျိုးမြေတွေနဲ့ ကျေးရွာတွေ၊ ဧရာ၀တီမြစ်ဘေး ပတ်ဝန်းကျင်နေရာတွေ ပျက်စီးယိုယွင်းလာတာကြောင့် ဧရာ၀တီ မြစ်ကြောင်းတလျှောက် ရွှေဖောင်နဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ လုံး၀ တားမြစ်ကြောင်း ဖော်ပြခဲ့တာပါ။အဲဒီတုန်းက ထုတ်ပြန်ချက်မှာ မလိုက်နာရင် အရေးယူမယ်လို့
လည်း အသိပေးထားပါတယ်။

၂၀၂၅ အောက်တိုဘာကလည်း ကချင်ပြည်နယ် ချီဖွေဒေသမှာကန့်သတ်ထားတဲ့နေရာတွေမှာရွှေမတူးဖို့KIOကတားမြစ်ခဲ့ပါတယ်။ပြည်သူတွေ ကန့်
ကွက်တဲ့နေရာတွေမှာရွှေတူးဖော်တာမလုပ်ဖို့၊ ရွှေတူးဖော်မှုကြောင့်ရေလမ်းကြောင်းနဲ့ကားလမ်းတွေထိခိုက်ပျက်စီးမှု ကာကွယ်ဖို့ ရည်ရွယ်ပြီး ကန့်
သတ်ခဲ့တာလို့ အသိပေးထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီထိန်းချုပ်နယ်မြေ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဆက်သွယ်ထားတဲ့ဗလမင်းထင်တံတားအောက် ဧရာ၀တီမြစ်ကြောင်းပေါ်မှာ ရွှေတူးဖော်မှုတွေကို စက်ယန္တရားတွေသုံးပြီး နေ့​ရောညပါတူး​ဖော်​နေလို့ ဒေသခံတွေအခက်ကြုံနေရတယ်လို့ မြစ်ကြီးနားဒေသခံအချို့က ပြောပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။