ဖေဖော်ဝါရီ-၈၊ ၂၀၂၆။ဇော်ဝင်း/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို နယ်မြေရှင်းလင်းနေတယ်လို့ PDFပူတာအိုက ဒီကနေ့(ဖေဖော်ဝါရီ ၈ ရက်)မှာ ထုတ်ပြန်ပါတယ်။
နယ်မြေရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲခဲ့တာတွေ့ရပြီး ထောင်ထားတဲ့ နင်းမိုင်းတချို့ကိုလည်း သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။
“ခြေနင်းမှိုင်း တစ်ချို့ဖယ်ရှားနိုင်ခဲ့ပေမယ့် အများကြီးကျန်နိုင်ပါတယ်” PDF ပူတာအို က ပြောပါတယ်။

Public Service Announcement
ဒါကြောင့် စစ်တပ်အခြေချခဲ့တယ်လို့ ယူဆရတဲ့နေရာတွေကို ပြည်သးတွေအနေနဲ့ သွားလာတာမလုပ်ဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ဘယ်နေရာတွေမှာ စစ်တပ် အခြေချခဲ့တယ်ဆိုတာနဲ့ နယ်မြေရှင်းလင်းမှုတွေနဲ့ ပတ်သက်လို့ PDF ပူတာအို တာဝန်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
နိုင်ငံမြောက်ဖျားပိုင်းက ပူတာအိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၁၃၇)နဲ့ (၁၃၈)တပ်ရင်း အခြေစိုက်ထားပြီး မြို့ကိုပိတ်ဆို့ထားတယ်လို့ ပြီးခဲ့တဲ့နှစ်က ပူတာအို PDF တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။
အဲဒီနောက်ပိုင်း မြစ်ကြီးနားကနေ ပူတာအို မြို့နယ်ကို ပို့တဲ့ လေယာဥ်ဆီတွေအပါအဝင်စက်သုံးဆီ ပေ ပါ အလုံး ၁၀၀ ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းခဲ့တာရှိပါတယ်။
လက်ရှိ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ဝိုင်းမော်နဲ့ ဖားကန့်ဒေသတို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။


















































