Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမှာ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းမိ

ဖေဖော်ဝါရီ-၈၊၂၀၂၆။ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်း ၊ကောလင်းမြို့နယ် အနောက်ပိုင်းက ကျောက်ကာရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီး တစ်ဦးကို မနေ့ (ဖေဖော်ဝါရီလ ၇ ရက်) မနက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးမိတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ကောလင်းတော်လှန်ရေး( Kawlin Revolution KR) ကထုတ်ပြန်လာပါတယ်။

တပ်ကြပ်ကြီး ထူးထူးနိုင် ဆိုသူ ဖမ်းခံရတာဖြစ်ပြီး ဓာတ်ပုံနဲ့ဖော်ပြထားတာပါ။ ဖမ်းဆီးရမိပုံကိုတော့ မဖော်ပြထားပါဘူး။

ဓာတ်ပုံအရတော့ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃လက်အောက်ခံတပ်ကဖြစ်တာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကောလင်းမြို့အရှေ့ခြမ်းနဲ့ မြို့အနောက်ခြမ်းတွေကို ဝန်းသိုအခြေစိုက် အမှတ်(၁၂၀ ) ခြေမြန်တပ်ရင်းက တပ်ဖွဲ့တွေစစ်ကြောင်းထိုးလေ့ရှိပြီး ဒေသ
တွင်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ထားပါတယ်။

ကောလင်းမြို့ကိုပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလအတွင်း NUG လက် အောက်ခံ PDF တပ်ဖွဲ့တွေက သိမ်းယူခဲ့ပေမယ့်သုံးလခန့်အကြာမှာစစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကောလင်းမြို့ရဲ့ မြောက်ဘက်ခြမ်း ၁၀ မိုင်ခန့်အကွာမှာ ဝန်းသိုမြို့ရှိပြီး စစ်ကောင်စီတပ်က တပ်ရင်းနှစ်ခုကိုအထိုင်ချထားပါတယ်။

ဝန်းသို တပ်တွေ ဘက်ကနေ ကောလင်းဘက်ဆီ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေထိခိုက်သေကြေတွေဖြစ်စဉ် ဖြစ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က လွှတ်‌တော်ခေါ်နေချိန် စစ်ကိုင်းတိုင်းမှာ ၁၁ရက်အတွင်း အရပ်သား ၁၀၀ ကျော်ကို ဗုံးကြဲသတ်ဖြတ်

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သတင်းရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်အနီး တိုက်ပွဲ​တွေဆက်ဖြစ်နေပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။