Connect with us

Hi, what are you looking for?

သတင်း

မတူမြို့နယ် စစ်တပ်ဗုံးကြဲမှု ကလေးငယ် တစ်ဦးသေဆုံး၊ဒဏ်ရာရသူတွေလည်းရှိ

ချင်းပြည်နယ်တောင်ပိုင်း၊မတူပီမြို့နယ်ကကျေးရွာတစ်ရွာကိုစစ်ကောင်စီကဒီနေ့ ဗုံးကြဲခဲ့လို့ ကလေးငယ် တစ်ဦးသေဆုံးကာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ်က ဖေဖော်ဝါရီ ၈ရက်မှာ ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Hkl-Mindat)

ဖေဖော်ဝါရီ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊မတူပီမြို့နယ်ကကျေးရွာတစ်ရွာကိုစစ်ကောင်စီကဒီနေ့ ဗုံးကြဲခဲ့လို့ ကလေးငယ် တစ်ဦးသေဆုံးကာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီ၈ရက်) နေ့လယ်ပိုင်းမှာစစ်ကောင်စီကမတူပီမြို့က ကျေးရွာတစ်ရွာကို လေကြောင်းက ၄ကြိမ်ဗုံးကြဲခဲ့သလို မွန်းလွဲပိုင်းမှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့လို့ အသက် ၁၃နှစ်အရွယ် ကလေးငယ် သေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီသယ်ယာဉ် တစ်စီးနဲ့ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေကို ဒီကနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မတူပီမှာ လူသေဆုံးမှု ရှိခဲ့ပြီး အခြားဒေသတွေမှာတော့ အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က အကြိမ်ကြိမ်ဗုံးကြဲခဲ့ပေမယ့် လေယာဉ်လာရောက်မှုသတင်းတွေ ကြိုရလို့ သေဆုံးထိခိုက် အများအပြား မရှိခဲ့တာလို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

“ ကြိုသိရတော့ ကြိုပုန်းကြတယ် တော်တော်များများ။ ဒီနေ့တော့ တနေကုန် ဗုံးခိုကျင်းထဲ ပြေးပြေး ဝင်ရတယ်။ မတူပီသွားလည်းလာဖြတ်၊ ကန်ပက်လက်သွားလည်းလာဆိုတော့” ဟု မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မနက် ၁၀နာရီကမင်းတပ်မြို့ပေါ်တနေရာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့စျေးဆိုင်များ၊ ဓမ္မာရုံ၊ ခန်းမဆောင်ဟောင်းနဲ့ နေအိမ်အချို့ထိခိုက်ပျက်ဆီးသွားတယ်လို့ ကြားရကြောင်း အသိပေးပါတယ်။

နံနက် ၉နာရီခွဲမှာ ကန်ပက်လက်မြို့နယ် တနေရာကို ဗုံး ၂လုံးကြဲချခဲ့ရာပြည့်သူ့နေအိမ်တွေနဲ့ အစိုးရရုံးအချို့ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ဆိုပါတယ်။

အခုရက်ပိုင်းမှာစစ်ကောင်စီကချင်းတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာဖို့ အထူးဂရုစိုက်ဖို့လည်း ဒေသခံက နှိုးဆော်ပါတယ်။

“လူစုလူဝေး သိပ်မလုပ်ကြဖို့ ပွဲလမ်းသဘင်တွေ သိပ်မလုပ်ကြဖို့ ပါပဲ။ စခ တွေက လူစုလူဝေး လူစည်ကားတဲ့ နေရာတွေကို ပိုပိုပြီးပစ်မှတ်ထားနေတော့ခါတိုင်းထက် ပိုဂရုစိုက်ကြဖို့ပါ” လို့ ဒေသ သတင်းရင်းမြစ်က လူထုတွေကို စစ်ကောင်စီ လေကြောင်းရန် ဂရုစိုက်ဖို့ သတိပေးပါတယ်။

စစ်ကောင်စီဟာ မနေ့က ဖေဖော်ဝါရီ ၇ရက်မှာလည်း မင်းတပ်မြို့နယ်ကို တရက်တည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၉ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ချင်းတောင်ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီဟာ မြေပြင်ထိုးစစ် မလုပ်နိုင်တဲ့ အခြေအနေမှာ အခုလို လေကြောင်းဗုံးကြဲတာတွေ အရှိန်မြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ