Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့ မှာ နေ့အချိန် ဆွဲကြိုးလုဖြတ်မှုဖြစ်ပွား

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာမနေ့(ဖေဖော်ဝါရီ ၁၁ ရက် ) နေ့ခင်းပိုင်းက ဆွဲကြိုးလုဖြတ်တာနဲ့ နေအိမ်ထဲ သူခိုးဝင်တဲ့ ဖြစ်စဉ် တွေဖြစ်ခဲ့တယ်လို့ မြို့ခံဆီကသိရပါတယ်။

ဖေဖော်ဝါရီ- ၁၂ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာမနေ့(ဖေဖော်ဝါရီ ၁၁ ရက် ) နေ့ခင်းပိုင်းက ဆွဲကြိုးလုဖြတ်တာနဲ့ နေအိမ်ထဲ သူခိုးဝင်တဲ့ ဖြစ်စဉ် တွေဖြစ်ခဲ့တယ်လို့ မြို့ခံဆီကသိရပါတယ်။

ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ဦးကို နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ဆွဲကြိုးဖြတ်တဲ့ဖြစ်စဉ်က မြစ်ကြီးနားမြို့ ၊ ယုဇန ရပ်ကွက်မှာ နေ့ခင်းပိုင်း ဖြစ်ပွားတာဖြစ်ပြီး နေအိမ် သူခိုးဝင်တာကတော့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ရွှေညောင်ပင်ရပ်ကွက် မှာ ဖြစ်ပွားခဲ့တာပါ။

ဆွဲကြိုးလုဖြတ်ခံရတဲ့ ဖြစ်စဉ်ကတော့ အမျိုးသမီးနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်နောက်ကို ဆိုင်ကယ်နဲ့အမျိုးသားက နောက်ကကပ်လိုက်လာပါပြီး ဆွဲကြိုးလုတာပါ။

Public Service Announcement

Public Service Announcement

လည်ပင်းကဆွဲကြိုးကိုဆောင့်ဆွဲပြီးလုယက်တာကြောင့် ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသမီးနှစ်ဦးလုံးပြုတ်ကျသွားတာကို စီစီတီဗီ မှာတွေ့မြင်ရပါတယ်။

“နေ့ခင်းကြောင်တောင်ကြီး အမေနဲ့ ညီမ အလတ် မင်္ဂလာဆောင်က အပြန် ဆွဲကြိုး ဖြတ်ခံရတာပါ”လို့ မိသားစုဝင်အမျိုးသမီးတစ်ဦးကလူမှုကွန်ရက်မှာ ရေးတင်ထားပါတယ်။

ဆွဲကြိုးလုခံရတဲ့အမျိုးသမီးနဲ့နီးစပ်သူမြို့ခံတစ်ဦးကလည်း”မင်္ဂလာ ဆောင်ကအပြန် ဆွဲကြိုးဖြတ်ခံရတာပါ”လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့၊ရွှေညောင်ပင်ရပ်ကွက်မှာဖြစ်ပွားတဲ့နေအိမ်သူခိုးဝင်တဲ့ဖြစ်စဉ်မှာ ကျုးလွန်သူအမျိုးသားကိုဖမ်းမိတယ်လို့သိရပါတယ်။

မြစ်ကြီးနားမြို့ဟာ စစ်ကောင်စီတပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တာဖြစ်ပြီး စစ်ကောင်စီ ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတာပါ။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီး မြစ်ကြီးနားမြို့အပြင် မြန်မာနိုင်ငံကမြို့ကြီးတွေမှာလုယက်မှု၊ဓားပြမှု ၊လူသတ်မှုလို ရာဇဝတ်မှုကြီးတွေခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။