Connect with us

Hi, what are you looking for?

သတင်း

မြို့နှစ်မြို့ စစ်တပ်ဗုံးကြဲမှု အရပ်သား ၇ဦးသေဆုံး၊ ၁၆ဦး ဒဏ်ရာရဟု AA ထုတ်ပြန်

ကျောက်တော်နဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၇ဦး သေဆုံးပြီး ၁၆ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ ထုတ်ပြန်ပါတယ်။

(ကျောက်တော်နဲ့ မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရသူစာရင်း။ ဓာတ်ပုံ - AA Info Desk)

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ အိမ်သွင်/People’s Spring

ကျောက်တော်နဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၇ဦး သေဆုံးပြီး ၁၆ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖေဖော်ဝါရီ ၁၂ရက် မနေ့ ည ၉နာရီ ၁၁မိနစ်မှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ကို ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချပြီး ည ၉ နာရီ ၂၀မိနစ်မှာ မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာကို ဗုံးနှစ်လုံးကြဲချတာလို့ AAက ထုတ်ပြန်ပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့ကို ဗုံးကြဲတာမှာ အရပ်သားပြည်သူ ၄ဦး သေဆုံးပြီး ၉ဦး ဒဏ်ရာရသလို မြောက်ဦးကို တိုက်ခိုက်တာမှာ ကလေးငယ် ၁ဦးနဲ့ မိဘ၂ဦးသေဆုံးပြီး ပြည်သူ ၇ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ပြောင်းလဲလာတဲ့ ပုံစံကိုလည်း AAက သီးခြား သတိပေးထားပါတယ်။ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်းရန်ကို ပိုမို သတိရှိကြဖို့ သတိပေးပါတယ်။

AAက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲနေလို့ လေကြောင်း၊ ရေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို သတိပြုကြဖို့ AAက ၂၀၂၅ နှောင်းပိုင်းမှာ သတိပေးခဲ့ပါတယ်။ အခု ‌နောက်တစ်ကြိမ်သတိပေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ