Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာမှာ YBSယာဉ် မီးလောင်

နေ့အပူအချိန်တွေ မြင့်တတ်လာတဲ့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်က YBSယာဉ် တစ်စီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ရောင်နီ/People’s Spring

နေ့အပူအချိန်တွေ မြင့်တတ်လာတဲ့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်က YBSယာဉ် တစ်စီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီးကားမှတ်တိုင်အနီးမှာ နေ့လည် ၁နာရီခန့်က YBS -42 ယာဉ်မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်း ယာဉ်တစ်စီးလုံးမီးလောင်သွားတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

“ဆယ်မိနစ်လောက်ပဲကြာမယ်။ တစ်စီးလုံးလောင်သွားတာ” လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမီးလောင်မှုကို မြောက်ဥက္ကလာပမြို့နယ် မီးသတ်နဲ့ နာရေးကူညီမှုအသင်းရန်ကုန်က မီးသတ်ယာဉ်တွေ သွားရောက် မီးငြှိမ်းသတ်ခဲ့တယ်လို့ နာရေးကူညီမှုအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုအကြောင်းရင်းနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

လက်ရှိ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ ယာဉ်လိုင်း အချို့က ကားတွေက သက်တမ်းလွန်နေတာကြောင့် YBSယာဉ်တွေကို ယာဉ်ကြံ့ခိုင်မှုပိုင်းတွေ စစ်ဆေးပြီးမှ ပြေးဆွဲခွင့်ပြုသင့်တယ်လို့ မြို့ခံတွေက အကြံပြုထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီကနေ့ နေ့လည်က မီးလောင်မှုဖြစ်ခဲ့သလို မှော်ဘီနဲ့ တိုက်ကြီးမြို့မှာလည်း ကိုင်းတောမီးလောင်မှုတွေဖြစ်ခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – FFSS(YGN)

ဆက်စပ်သတင်းများ

Trending

Facebook