ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။မိုမို/People’s Spring
အာဏာသိမ်းစစ်တပ်က သင်တန်းဆင်း စစ်မှုထမ်းတပ်သားသစ်အများစုကို တပ်မ ၃၃ နဲ့ တပ်မ ၉၉ ဆီကိုပို့နေတယ်လို့ တပ်တွင်းသတင်ရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
စစ်ကိုင်း၊မကွေးတိုင်း နဲ့ ရခိုင် ပြည်နယ်ကို မကြာမီ ထိုးစစ် အရှိန်မြှင့်ဖို့ ပြင်ဆင်နေတာလို့လည်း သူတို့က အသိပေးပါတယ်။

“အရင်ကလည်းပို့တော့ပို့တယ်။သင်တန်းကျောင်း တစ်ခုဆင်းရင်တပ်အလိုက်ဦးရေ ၂၀ ၊ ၃၀ ဆီပေါ့။အခုက ၆၀ လောက်ထိ ပို့နေတာ။ရန်ကုန် တကက(တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်-၁ ဂျိုးဖြူ၊စခတ(စစ်အခြေ ခံလေ့ကျင့်ရေးတပ် အမှတ် ၁ )ဖောင်ကြီးနဲ့ တကက ၄ ဝဲကလိ ကနေပါ တပ်မ ၃၃ ကို ပို့နေတယ်။အပါတ်စဥ်တွေက ၁၈၊ ၁၉ တွေ”လို့တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
အလားတူပဲ ပုသိမ် စခတ ၆ ၊ ဟိုပုံး တကန ၊စခတ ၅ ရေနီ ကျောင်းကနေသင်တန်းဆင်းစစ်မှုထမ်း တွေကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ကို ရောက်နေတယ်လို့ သိရပါတယ်။
“၉၉ က မကွေး နဲ့ ရခိုင်ကို စစ်ထိုးနေရင်းနဲ့ လို အပ်ချက်အရ အင်အားအလုံးအရင်း ထပ်ဖြည့်နေတာ။ပြောရရင် အကျများနေတာ”လို့ တပ်တွင်းအခြေအနေကို သိရှိသူက ပြောပါတယ်။

တပ်မ ၉၉ ဟာ ရခိုင်နဲ့ မကွေးအစပ် အမ်း-ပဒါနွ်းလမ်းတိုက်ပွဲတွေကို ပို့တာမှာ AA နဲ့ မဟာမိတ်တပ်တွေရဲ့ထိုးစစ်ကြောင့်သေဆုံးထိခိုက်သူ ၊အလင်းဝင်သူ ၊ထွက်ပြေးသူများနေပါတယ် ။တပ်မ (၃၃)ကလည်း စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲတွေပိုပြင်းထန်လာတာကြောင့် ရှေ့တန်းမှာ သေဆုံးသူ ဒဏ်ရာရသူ ၊အဖမ်းခံရသူ ၊ထွက်ပြေးသူများနေပါတယ် ။
စစ်မှုထမ်းတပ်သားတွေ ထွက်ပြေးသူများတာကြောင့်လည်းပစ်သတ်ခံရတာတွေဆက် တိုက်ရှိနေတယ်လို့လည်း သူကအသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လက်ရှိထိုးစစ်ဆင်နေမှုတွေဟာ သန္ဓေ(မူလတပ်တွင်းရှိ စစ်သား)တွေကို မြို့နယ်လုံခြုံရေးအဖြစ်အဓိကတာဝန်ပေးထားပြီး စစ်မှု ထမ်းတပ်သားတွေကို ရှေ့တန်းစစ်မျက်နှာကို ပို့နေတာလို့လည်း ထွက်ပြေးလွတ်မြောက်လာတဲ့ အပတ်စဥ် (၁၄) စစ်မှုထမ်းတပ်သားဟောင်းတစ်ဦးက ပြောပါတယ်။
“သန္ဓေ တွေက မြို့တွင်းလုံခြုံရေး ၊ပစတွေကသင်တန်ဆင်းပြီးတာနဲ့ သက်ဆိုင်ရာ စစ်ဌာနချုပ်ကို သွားကြရတယ်။ရောက်ပြီး တစ်ည အိပ်ပြီးမှာပဲ စစ်ဆင်ရေး နယ် မြေကို သွားရတယ်။သေတဲ့နေရာမှာလည်းဗိုလ်ကြီး၊ဗိုလ်မှူးတွေကတစ်ယောက်နှစ်ယောက် အခုကပစတွေများတယ်”လို့ သူက ရှင်းပြပါတယ်။
လက်ရှိ စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) မှာတာဝန်ကျနေတဲ့ တပ်ကြပ်တစ်ဦးကလည်း “အပတ်စဥ် တစ်ပတ်စဥ် က ၅၀၀၀ ရှိတယ်။ဒီလူဦးရေ နဲ့ပဲ တပ်ကို တည်တံ့အောင်လုပ်နေရတာ။တပ် တိုင်းမှာ ရပ်တည်နေရတာက အရာအားလုံးစုတ်ပြတ်နေတာ။ကျည်ထိုးတက် သေနတ်ပစ်တက်တာနဲ့ ရှေ့တန်းလွှတ်နေတာ။ပစ တွေ မရှိ ပေါ်တာ မဆွဲရင် ဘာမှ လုပ်မရဘူး”လို့ ပြောပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းတော်လှန်ရေးတပ်တွေရဲ့ ခုခံတော်လှန်မှုနဲ့ ပြည်သူအများစုကစစ်တပ်ကို ရွံ့မုန်းပြီး စစ်ထဲဝင်သူမရှိသလောက်နည်းတာကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ က စစ်မှု ထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး အဓမ္မစစ်သားစုဆောင်းနေတာဖြစ်ပါတယ်။ လက်ရှိမှာ အပတ်စဥ် (၂၁) ကို စနေပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်လုပ်မယ့် အပတ်စဥ် ၂၂ အတွက် လူငယ်တွေကို အဓမ္မဖမ်းဆီး နေတယ်လို့ သိရပါတယ်။


















































