Connect with us

Hi, what are you looking for?

သတင်း

ကချင်ဒေသ နေရာသုံးခုမှာ စစ်တပ်တိုက်ခိုက်လို့ကလေးငယ် အပါအဝင် ၃ဦးသေဆုံးဟု KIA ပြော

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ၊ ဖားကန့်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

(ဖေဖော်ဝါရီ ၁၃ရက်မှာ စစ်တပ်က တာလောကြီးကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်နေစဉ်/စစ်တပ်က​လေ​ကြောင်းနဲ့လက်နက်ကြီးကတိုက်ခိုက်လို့ ဒဏ်ရာရခဲ့တဲ့က​လေးငယ်​တွေ ။ ဓာတ်ပုံ - The Kachin Net ၊ CJ)

ဖေဖော်ဝါရီ-၁၅၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ၊ ဖားကန့်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၄ရက်သတင်းဖော်ပြချက်မှာ အာဏာသိမ်းစစ်တပ်ဟာ တာလောကြီးကျေးရွာကို ဖေဖော်ဝါရီ ၁၃ရက်က လေကြောင်းဗုံးကြဲခဲ့မှု ဖားကန့်မြို့နယ် စစ်ကောင်စီ တပ်မကုန်းက လက်နက်ကြီး ပစ်ခတ်ခဲ့မှုနဲ့ အင်အားယန်ကို ဖေဖော်ဝါရီ ၁၂ရက်က လေကြောင်း တိုက်ခိုက်ခဲ့မှု အခြေအနေတွေကို အသိပေးခဲ့တာပါ။

ဖေဖော်ဝါရီ ၁၃ရက်မှာ စစ်တပ်က တာလောကြီးကျေးရွာအတွင်း ဗုံးသုံးကြိမ်ကြဲတိုက်ခဲ့ရာ​ဒေသခံပြည်သူ ၂ဦးသေဆုံးကာ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင်ရွာသားတွေ အသုံးပြုနေတဲ့စက်လှေအချို့လည်း ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တာလောကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာဖြစ်တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။

ဖေဖော်ဝါရီ ၁၃ရက် မနက်မှာ ဖားကန့်ဒေသ တပ်မကုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၇နှစ်အရွယ် ကလေးငယ် ၁ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြပါတယ်။

အင်ဂျန်းယန်မြို့နယ် က ကျေးရွာတရွာကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ရက်မနက် ၁၀နာရီမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြောင်း ​ဖော်ပြခဲ့​ပေမယ့် ထိခိုက်သေဆုံးရှိ၊မရှိ ဖော်ပြမထားပါဘူး။

စစ်ကောင်စီဟာ အခုတလော ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ လေကြောင်း တိုက်ခိုက်မှု ပိုမိုပြုလုပ်လာကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

ဒါအပြင် ​ဖေ​ဖော်ဝါရီ ၁၄ ရက်မှာ ဖားကန့် ၊လုံးခင်​ဒေသမှာတိုက်ပွဲအပြင်းအထန်ခဲ့ပြီး ည​နေပိုင်းမှာဖားကန့်ဗျူဟာကပစ်ခတ်တဲ့ လက်နက်ကြီး​နေအိမ်တစ်အိမ်​ပေါ်ကျတာ​ကြောင့် က​လေးငယ်​တွေအပါအဝင် ​အရပ်သား​တွေ ဒဏ်ရာရခဲ့ပါတယ်။

KIAနဲ့ စစ်ကောင်စီဟာ ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း အင်းတော်ကြီးဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ကတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လေကြောင်း တိုက်ခိုက်နေတာပါ။

ဆက်စပ်သတင်းများ