Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမှာ စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်နဲ့ ရွှေတွင်းလုပ်ကွက်တွေက ပစ္စည်းတွေခိုးယူခံနေရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးနောက် လူနေအိမ်တွေနဲ့ ရွှေတွင်းလုပ်ကွက်တွေက ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅မတ် ၁၄ရက်က စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာစျေးတန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် မီးလောင်ကျွမ်းနေစဥ် ဓာတ်ပုံ-MDY PDF)

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးနောက် လူနေအိမ်တွေနဲ့ ရွှေတွင်းလုပ်ကွက်တွေက ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာမှာ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုးကုတ်-မန္တလေးလမ်းပိုင်းက ကျေးရွာတချို့မှာ အိမ်တွေဖောက်ထွင်းခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေကပစ္စည်းတွေ အကုန်ရသမျှသယ်သွားကြတာ။ ဆိုင်ကယ်ဘေးတွဲတွေနဲ့ကို လာသယ်ကြတာ”လို့ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ရွာတစ်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရွှေလုပ်ကွက်တွေက ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေလည်း မကြာခဏ ခိုးယူခံနေရတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်တပ် ပြန်သိမ်းလိုက်တဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းက ကျေးရွာတချို့မှာ ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်တာတွေရှိပြီး အချို့ကတော့ စစ်ရှောင်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့ကို ၂၀၂၅ ဒီဇင်ဘာ ၁ ရက်ကစပြီး စစ်တပ်က စစ်ကြောင်းထိုးကာ ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စဥ့်ကူးမြို့အပါအဝင် မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဇူလိုင်၁၇ရက်က မန္တလေး PDFနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ