Connect with us

Hi, what are you looking for?

သတင်း

ပဒိုမန်းရှာလားဖန်းကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား KNU ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကိုဖေဖော်ဝါရီ ၁၄ရက်မှာ ကျင်းပခဲ့ကြောင်း KNU ဗဟိုက ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကိုဖေဖော်ဝါရီ ၁၄ရက်မှာ ကျင်းပခဲ့ကြောင်း KNU ဗဟိုက ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူဖော်ပြပါတယ်။

အောက်မေ့ဖွယ်အခမ်းအနားကို KNUတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ့၊ အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း အပါအဝင် တာဝန်ရှိသူတွေတက်ရောက်ခဲ့တာတွေ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်တာဝန်ယူခဲ့တဲ့ ပဒိုမန်းရှာ ကို မြန်မာစစ်တပ်မှ လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ KNU ရဲ့ ပဒိုမန်းရှာကျဆုံးမှု အောက်မေ့ဖွယ် ဖော်ပြချက်မှာ အသိပေးထားပါတယ်။ ဒါ့အပြင် ပဒိုမန်းရှာလားဖန်း ရှိစဉ်က မိန့်ကြားခဲ့ဖူးတဲ့ အဆိုအမိန့်တွေကို ပြန်လည်ဝေငှခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဘယ်နေရာမှာပဲရှိနေပါစေ တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင် လုပ်လို့ရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့အားလုံးတော်လှန်ရေး လုပ်ကြရမယ်။” ၊ “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်။” စတဲ့ ပဒိုမန်းရှာလားဖန်းက ပြောကြားခဲ့တာတွေကို KNUက ဖော်ပြထားပါတယ်။

ကရင်လူငယ်အစည်းအရုံး(KYO) ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်ကလည်း ဖဒိုမန်းရှာလားဖန်း ဖြစ်စေချင်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုး ကို ညီညွတ်စွာ တိုက်ဖျက်ကြဖို့ အမှတ်တရစကား ပြောကြားခဲ့ပါတယ်။

“သူလမ်းညွှန်ခဲ့တဲ့အရာတွေ သူဖြစ်စေချင်ခဲ့တဲ့ အရာတွေအားလုံးဟာ ကျနော်တို့ ကရင်တမျိုးသားလုံး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စည်းစည်းလုံးလုံးနဲ့ ဒီစစ်အာဏာရှင်စနစ်တွေ အာဏာရှင်စနစ်အမျိုးမျိုးကျရှုံးသွားအောင် ကျနော်တို့ ဆက်ပြီးမှ တိုက်ပွဲဝင်သွားရမှာဖြစ်တယ်” လို့ စောအယ်ထီးကော်က ပြောပါတယ်။

KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းရှာဟာ ကရင်တွေသာမက အခြား တိုင်းရင်းသားတွေရဲ့ လေးစားမှု ကိုပါ ရရှိခဲ့သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ