Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာအနောက်ပိုင်းမြို့နယ်က မူလတန်းကျောင်း မီးလောင်

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဓာတ်ပုံ - MFSD

ဖေဖော်ဝါရီ ၁၆၊၂၀၂၆။သုည/People’s Spring

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒီကနေ့ နံနက် ၁၂ နာရီ ၂၄ မိနစ်မှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ တောင်တွင်းကြီးလမ်းပေါ်က အ.မ.က (၂၃) မူလတန်းစာသင်ကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၁၂ နာရီ ၄၃ မိနစ်မှာ မီးငြိမ်းခဲ့ကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

“လောင်တာကတော့ မူလတန်းကျောင်း အပေါ်ထပ်အခန်းပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ သိရပါတယ်။ ကျောင်းပိတ်ရက်ဆိုတော့ ကလေးတွေရော၊ ဆရာ၊ ဆရာမရော တစ်ယောက်မှ မရှိကြပါဘူး။ တစ်ကျောင်းလုံးမှာ ကျောင်းစောင့်တွေပဲ ရှိကြတာပါ။ လူထိခိုက်မှုလည်း မရှိပါဘူး။ လောင်တဲ့အခန်းက မျက်နှာကြက်၊ ပြတင်းပေါက်နဲ့ စာသင်ခုံတွေတော့ ထိခိုက်ပျက်ဆီးတာပဲ ရှိပါတယ်။ အချိန်မှီ မီးထိန်းနိုင်လိုက်ပါတယ်” လို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊အမှတ်(၂)ရပ်ကွက်၊အောက်ဗဟိုလမ်းမပေါ်မှာရှိတဲ့ ကုန်မာဆိုင်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး ဆိုင်မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ယခုရက်ပိုင်းအတွင်း မကြာခဏဆိုသလို မီးလောင်မှုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ၊ ၁၄၊ ၁၅ရက် သုံးရက်အတွင်း မီးလောင်မှု ၁၂ ကြိမ်ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပွင့်လင်းရာသီကို ရောက်ရှိလာတာနဲ့ အမျှ ရန်ကုန်မြို့မှာ မီးလောင်မှု တွေ ဆက်တိုက်ဖြစ်နေတာကြောင့် မီးဘေးကိုပိုဂရုစိုက်ကြဖို့ ပြည်သူတွေ အချင်းချင်းတိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။