Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့နယ်က သံလွင်တံတား မိုင်ခွဲခံရ

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့နယ်မှာရှိတဲ့ သံလွင်တံတား(ဖားဆောင်း) မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

(မိုင်းခွဲဖျက်ဆီးခံရတဲ့ သံလွင်တံတား(ဖားဆောင်း)တံတားကို တွေ့ရစဥ် ဓာတ်ပုံ − CJ)

ဖေဖော်ဝါရီ-၁၇၊၂၀၂၆။ဇော်ဝင်း/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့နယ်မှာရှိတဲ့ သံလွင်တံတား(ဖားဆောင်း) မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားပြီး ပေ ၁၂၀၀ ကျော်အရှည်ရှိတဲ့ သံလွင်တံတား ပျက်စီးမှုက ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တံတားဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကို လူထုနွေဦးက အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

“ အတိအကျတော့ သုံးသပ်လို့ မရဘူး။စစ်တပ်ဘက်ကလည်း မယ်စဲ့ဘက်က စစ်ကူတွေလာလို့မရအောင် ဟန့်တာချင်တဲ့အခြေအနေဖြစ်နိုင်သလို နောက်တခုက တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဖားဆောင်းအရှေ့ခြမ်းကို မလာနိုင်အောင် လုပ်လာတာလည်းဖြစ်မယ်” လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းတချို့က ဖားဆောင်းမြို့တွင်းကို ဝင်ရောက်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်အချို့က အသိပေးပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့တဲ့ ခလရ(၁၃၄)တပ်ရင်းကို ပြန်ရပြီး မြို့တွင်း ဌာနဆိုင်ရာရုံးတွေပါပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅နှစ် ဇွန် ၃၀ရက်က ဖားဆောင်းမြို့နယ်ရဲ့ အခြေစိုက်တပ်နှစ်ခုအနက်က ခလရ(၁၃၄)တပ်ရင်းကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က အလုံးစုံသိမ်းပိုက်ခဲ့ပါတယ်။ဒါပေမယ့် တော်လှန်ရေးတပ်တွေဟာ ခလရ(၁၃၅)တပ်ရင်းကို ပိတ်ဆို့ထားနိုင်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဖားဆောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ကရင်နီတပ်ပေါင်းစုက ၂၀၂၃ကတည်းက သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းမှာ ကရင်ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းမှာ ဖာပွန်နဲ့ မြောက်ဘက်ခြမ်းမှာ ဘောလခဲမြို့နယ် ရှိပါတယ်။

ဆက်စပ်သတင်းများ