Connect with us

Hi, what are you looking for?

သတင်း

အောင်ဇမ္ဗူနဲ့လူရွှင်တော်တွေက မသန်စွမ်းတွေကို လှောင်ပြောင်သရော်တဲ့ပုံစံနဲ့ တင်ဆက်လို့ ဝေဖန်မှုမြင့်တက်နေ

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဖျော်ဖြေရေးမှာ ခေါင်းဆောင်မင်းသားအပါအဝင် လူရွှင်တော်တွေက မသန်စွမ်းတွေကို လှောင်ပြောင်သရော်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဖေဖော်ဝါရီ−၁၇၊၂၀၂၆ ။မေရီ/People’s Spring

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဖျော်ဖြေရေးမှာ ခေါင်းဆောင်မင်းသားအပါအဝင် လူရွှင်တော်တွေက မသန်စွမ်းတွေကို လှောင်ပြောင်သရော်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရားပွဲမှာ ကပြဖျော်ဖြေစဥ် ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူအပါအဝင် ၎င်းဇာတ်ထဲက လူရွှင်တော်တွေ၊ မင်းသမီးတွေဟာ ကျီစားသလား သီချင်းတီးလုံးနဲ့အတူ မသန်စွမ်းလူတွေရဲ့ လမ်းလျှောက်တဲ့ပုံစံနဲ့ ကပြခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကပြမှုကို လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ တင်ပြီး မသန်စွမ်းသူတွေအပါအဝင် ပြည်သူတွေက ဝေဖန်နေကြတာပါ။

” ခေတ်အဆက်ဆက်ကအဲ့လိုလုပ်ပြရင် ဟာသလို့ကိုထင်နေကြတာ။ အဲ့လိုလုပ်ပြလို့ရယ်ရတာတစ်နေရာမှတွေ့မနေဘူး။ မသန်စွမ်းတွေရဲ့ ဖြစ်တည်မှုတိုင်းသည် ဖျော်ဖြေရေးမှာ ဟာသလုပ်ဖို့ မဟုတ်ပါ”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါဖျော်ဖြေမှုနဲ့ပတ်သက်ပြီး မသန်စွမ်း ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်သူ သမီးမြတ်ကျော်က လူ့ဂုဏ်သိက္ခာကို လူထုအလယ် စင်မြင့်ထက်ကနေ နှိမ့်ချစော်ကားတဲ့ အပြုအမူတွေကို တားမြစ်ပေးကြဖို့၊ ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်သိက္ခာတွေကို ထိမ်းသိမ်းကာကွယ်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုကြောင်း လူမှုကွန်ရက်မှာ ရေးသားပါတယ်။

“မသန်စွမ်းသူတွေအပေါ် အသိအမြင်မှားယွင်းစွာ နှိမ့်ချ ပြုမူ ၊ ပြောဆို ၊ ရေးသား ၊ သရုပ်ဆောင် ၊ ဟာသပြက်လုံးထုတ်မှုများနဲ့ ပတ်သက်လို့ ကျမကိုယ်တိုင်ရော မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းများကပါ အကြိမ်ပေါင်းများစွာ လှုပ်ရှား ဆောင်ရွက် တားမြစ် တောင်းဆိုခဲ့ကြပါတယ်။ ခုချိန်ထိလည်း လှုပ်ရှားဆောင်ရွက်နေကြတုန်းပါပဲ။ ဒါပေမယ့်လည်း ကြိမ်ဖန်များစွာမှားယွင်းစွာ ဆက်လက် နှိမ့်ချစော်ကားမှုတွေ ပြုမူ နေကြဆဲပါ။”လို့ ဆရာမ သမီးမြတ်ကျော်က ရေးသားပါတယ်။

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့လကပဲ ဖျော်ဖြေပွဲတစ်ခုမှာ လူရွှင်တော် ဖြိုးဖြိုးကနေ ပရိသတ်ထဲက ကလေးငယ်တစ်ယောက်ကို ချီပိုးပြီး မဖွယ်မရာစနောက်ခဲ့လို့ သဘင်အစည်းအရုံးက သတိပေးကာ ခံဝန်ထိုးခဲ့ရပါသေးတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ ဖျော်ဖြေချိန်ကလည်း ဘာသာသနာကိုစော်ကားတဲ့ပြတ်လုံးတွေ ပြတ်လို့ဆိုပြီး ဝေဖန်ကြတာကြောင့် ၎င်းဇာတ်က လူရွှင်တော်ဖြိုးဖြိုးက ထပ်မံတောင်းပန်ခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

Trending

Facebook