Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် စစ်အုပ်စုရှိုးပွဲအပြန် လူငယ်တွေ ပေါ်တာဆွဲခံရ

ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ပြည်သူ့ရင်ပြင်မှာ စစ်အုပ်စုက ရှိုးပွဲအကြီးအကျယ်ပြုလုပ်ပြီး ပွဲက ပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲခဲ့တာကြောင့် လူငယ် ၃၀ကျော် တရက်တည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

(စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရသူတချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

ဖေဖော်ဝါရီ-၁၇၊ ၂၀၂၆။ ရှိန်း/People’s Spring

ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ပြည်သူ့ရင်ပြင်မှာ စစ်အုပ်စုက ရှိုးပွဲအကြီးအကျယ်ပြုလုပ်ပြီး ပွဲက ပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲခဲ့တာကြောင့် လူငယ် ၃၀ကျော် တရက်တည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Burma Cafeက ဦးဆောင်ပြုလုပ်ခဲ့တဲ့ နေပြည်တော်ပြည်သူ့ရင်ပြင်က နာမည်ကြီး အနုပညာရှင် ၅၀ ကျော်ပါခဲ့တဲ့ ရှိုးပွဲက အပြန်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲဲ့ဒီရှိုးပွဲကို ဖေဖော်ဝါရီ ၈ရက် ကနေ ၁၃ရက်အထိ ပြုလုပ်ခဲ့ပြီး ၁၃ ရက်ညပိုင်းမှာတင် လူငယ် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ လမ်းတွေအကုန် ပိတ်ဖမ်းတာ။ ခဏဖမ်းထားပြီး ကားရောက်လာတော့ ကား ပေါ်တန်းတင်တယ်။ ပထမဆုံး ရေတော်ရွာရောက်တယ်။ လိုက်တော့ ဆေးအောင်လို့ဆိုပြီး ၁၆ ရက်နေ့ကပဲ မိုးဆွေကို ပို့လိုက်တယ်” လို့ ဖမ်းဆီးခံလိုက်ရသူတစ်ဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

မိုးဆွေမှာ အမှတ်-၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက- ၂ မိုးဆွေ)ရှိပြီး အဲဒီကို ပို့လိုက်ပြီးနောက် အဆက်သွယ်ပြတ်သွားတယ်လို့ ဆိုပါတယ်။

“ ရေတော်မှာ တွေ့ခွင့်ရလိုက်တယ်။ လူတော်တော်များတယ်။ အကုန်နီးပါးက ရှိုးပွဲအပြန် ပေါ်တာဆွဲခံလိုက်ရတာ။ သူတို့(စကစ)ကပြောတော့ မလုပ်ပါဘူးဆိုပြီး ၁၃ရက်တရက်တည်းတင် အများကြီးဆွဲထားတာ။ သွားတွေ့တော့ ဆံပင်တွေပါ ကတုံးတုံးပြီးသွားပြီ” လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းအပတ်စဉ်(၂၀) က လူနည်းလို့ဆိုပြီး အဲဒီလူတွေကို ၁၆ရက်ကပဲ တကက-၂ မိုးဆွေကို ပို့လိုက်တာလို့ သိရပါတယ်။

စစ်တပ်က အခုနောက်ပိုင်း အပတ်စဉ်တွေမှာ လူမပြည့်လို့ဆိုပြီး မန္တလေးမြို့၊ ကျောက်ဆည်၊ကျောက်မဲ၊ စဉ့်ကိုင်စတဲ့မြို့တွေမှာလည်း ဆက်တိုက် ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ