Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်တပ်အကြီးပိုင်းရောက်နေလို့ ယာဥ်ဖမ်းငွေရှာတာတွေ တစ်ရက်နား

မန္တလေးမြို့မှာ စစ်ကောင်စီအဖွဲ့အကြီးပိုင်းတစ်ဦး ရောက်ရှိနေလို့ စစ်အုပ်စုဝင်တွေ လမ်းပေါ်ထွက်ယာဥ်ဖမ်းငွေရှာတာတွေ တစ်ရက်တာ ရပ်နားထားကြောင်း မြို့ခံတွေက ပြောပါတယ်။

(ပြီးခဲ့သည့်နှစ်အတွင်းက မန္တလေးမြို့ပေါ်တွင် ယာဥ်စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီအဖွဲ့အကြီးပိုင်းတစ်ဦး ရောက်ရှိနေလို့ စစ်အုပ်စုဝင်တွေ လမ်းပေါ်ထွက်ယာဥ်ဖမ်းငွေရှာတာတွေ တစ်ရက်တာ ရပ်နားထားကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက နေ့စဥ် အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း လှည့်လည်စစ်ဆေးဖမ်းဆီးငွေညှစ်လေ့ရှိရမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် တရုတ်နှစ်သစ်ကူးနေ့မှာတော့ ယာဥ်ဖမ်းဆီးစစ်ဆေးတာတွေ မရှိသလောက်ဖြစ်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။

“ စစ်ကောင်စီ အကြီးပိုင်းထဲက နန်းတွင်းထဲရောက်နေပုံရတော့ မစစ်ဆေးတော့ဘဲ လူမသိသူမသိ လုံခြုံရေးယူထားပုံပဲ။ အလုပ်ရှုပ်နေကြတာ” လို့ မန္တလေးမြို့မြေပြင်ကင်းထောက်သတင်းတွေ ဖော်ပြနေတဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ နန်းတွင်းထဲကို ရောက်ရှိနေတဲ့သူဟာ ဒုချုပ်စိုးဝင်းလို့ ပြောဆိုတာတွေရှိပေမဲ့ အတည်ပြုလို့မရသေးပါဘူး။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကာလတုန်းကလည်း ရက်ပိုင်းလောက် ယာဥ်စစ်ဆေးဖမ်းဆီးတာတွေ ရပ်နားဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နောက်ရက်တွေမှာတော့ ပြန်လည်ဖမ်း​ဆီးငွေညှစ်တာတွေ ပြန်လုပ်လာမှာဖြစ်ကြောင်း မြို့ခံအချို့က ပြောပါတယ်။

စစ်အုပ်စုဝင်တွေဟာ မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို ဖမ်းဆီးကာ ယာဥ်အပြင် ဖုန်းကိုပါ စစ်ဆေးတာတွေရှိပြီး ငွေကျပ် သိန်းချီအထိ ငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ