Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်ကြောင်းထိုးခဲ့လာစဥ်က ပစ်ချခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စီး နေပြည်တော်PDF သိမ်းရ

စစ်တပ်စစ်ကြောင်းထိုးခဲ့လာစဥ်က ပစ်ချခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စီးကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(စစ်တပ်ထံက သိမ်းရတဲ့ တိုက်ခိုက်ရေးဒရုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့)

ဖေဖော်ဝါရီ−၁၈၊၂၀၂၆။ဇော်ဝင်း /Peoples Spring

စစ်တပ်စစ်ကြောင်းထိုးခဲ့လာစဥ်က ပစ်ချခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စီးကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(ဖေဖော်ဝါရီ ၁၇ ရက်) ရှာဖွေတွေ့ရှိခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းဟာ အနည်းဆုံး ဘတ်သုံးသိန်း ကျော်(ကျပ်သိန်း ၄၀၀ နဲ့ ၅၀၀ ကြား)ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဒရုန်းက တိုင်းသုံးတိုင်း ဆုံရာ (မန္တလေး၊မကွေးနဲ့ ပဲခူး)ပဲခူးရိုးမအထက်ခြမ်းကို နေပြည်တော်၊တောင်တွင်းကြီးနဲ့ သရက်မြို့နယ်ကနေ အင်အား ၆၀၀ ဝန်းကျင်နဲ့ ၂၀၂၅ ဇူလိုင် ၁၈ ရက်မှာ အင်အား ၆၀၀နဲ့ ထိုးခဲ့တဲ့စစ်ကြောင်းထံက ရရှိတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မိုးတွင်းလောက်ကတည်းက ဖြစ်ခဲ့တဲ့ နေပြည်တော် လယ်ဝေးဘက်၊တောင်တွင်းကြီးဘက်နဲ့အောင်လံဘက်ကနေ အင်အား ၆၀၀ လောက်နဲ့စစ်ကြောင်း ထိုးတုန်းက ကျွန်တော်တို့ဘက်က ပစ်ချခဲ့တာ။အဲဒီတုန်းက မိုးတွင်းဆိုတော့ ရိုးမတောကသိတဲ့အတိုင်းပဲ။ရှာလို့မတွေ့ခဲ့ဘူး။အခုမှ နယ်မြေရှင်းရင်း တွေ့တာ”လို့ အထက်ပါတာဝန်ရှိသူက ဒရုန်း တွေ့ရှိမှုကို ရှင်းပြပါတယ်။

ပစ်ချမှုအပြီး ရက်ပေါင်း ၂၀၀ကျော်အကြာမှာတွေ့ရှိခဲ့တဲ့ ဒရုန်းဟာ ပြန်လည်အသုံးပြုနိုင်တဲ့အနေ အထားရှိပြီး ဒလက်တချို့ အသေးစားထိခိုက်မှုသာရှိတယ်လို့လည်း အသိပေးပါတယ်။

“အနည်းဆုံး ၁၅ ကီလိုဂရမ် သယ်နိုင်တယ်။၅ ကီလိုဂရမ်ဆိုရင်တောင် ၆၀ မမ နှစ်လုံးအနည်းဆုံးနိုင်တယ်”လို့ အမှတ်(၉၀၂)တပ်ရင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

ပဲခူးရိုးမအထက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့စစ်တပ်ဟာ ထိခိုက်သေဆုံးသူတွေများတာကြောင့် ပြီးခဲ့တဲ့၂၀၂၅နှစ် သြဂုတ်မှာ စစ်ကြောင်းပြန်ဆုတ်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောင်လံမြို့နယ်ကနေ မကွေးမြို့ဘက်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထောက်ပို့ယာဥ်တန်းကို အမှတ်(၉၀၂)တပ်ရင်း ၊ ၈၀၄ တပ်ရင်းနဲ့ အောင်လံ ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ