Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးရည်မှန်းချက်တွေ အမြန်ဖြစ်လာရေး ကျရာကပါဝင်ဖို့ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ ဆုံးဖြတ်

ကော်သူးလေတည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေမှာ ၄ရက်ကြာကျင်းပခဲ့ပြီး ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်တွေ လျင်မြန်စွာပြည့်မှီရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ကျရာတာဝန်တွေကို တတ်ကျွမ်းနားလည်တဲ့ဖက်မှ တာဝန်ယူ ပူးပေါင်းပါဝင်လုပ်ဆောင်သွားဖို့ သဘောထားဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲက ကြေညာချက်ထုတ်ပြန်ပါတယ်။

(ကော်သူးလေတည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကျင်းပနေစဉ်။ ဓာတ်ပုံ − Screengrab)

ဖေဖော်ဝါရီ ၁၈၊၂၀၂၆။ ထားမြတ်/People’s Spring

ကော်သူးလေတည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေမှာ ၄ရက်ကြာကျင်းပခဲ့ပြီး ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်တွေ လျင်မြန်စွာပြည့်မှီရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ကျရာတာဝန်တွေကို တတ်ကျွမ်းနားလည်တဲ့ဖက်မှ တာဝန်ယူ ပူးပေါင်းပါဝင်လုပ်ဆောင်သွားဖို့ သဘောထားဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲက ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်ကို KNU ဗဟိုက ဖေဖော်ဝါရီ ၁၇ရက်ကထုတ်ပြန်ခဲ့တာဖြစ်ပြီး နှီးနှောဖလှယ်ပွဲကိုဖေဖော်ဝါရီ ၉ရက်ကနေ ၁၂ရက်အထိကျင်းပကာ နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးဗဟို၊ ခရိုင် ခေါင်းဆောင်များ၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ KNDO ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဗိုလ်တပ်မှူးများနဲ့ အထူးဖိတ်ကြားထားသော ခေါင်းဆောင်ကိုယ်စားလှယ်များ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာာလက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်တင်ပြတာနဲ့ ကော်သူးလေ တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာတည်ဆောက်မှုတွေနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ၊စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် နိုင်ငံတကာ မှာKNUကိုယ်စားလှယ်တွေခန့်အပ်ထားဖို့ကိစ္စတွေလည်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်း နေရပ်စွန့်ခွာလှည့်လည်ပုန်းအောင်းထွက်ပြေးတိမ်းရှောင် နေကြရသော(IDPs)တွေနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ၊ဒေသ တွင်း ပေါ်ပေါက်လာနေသော ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ကိစ္စတွေကိုလည်းဆန်းစစ်သုံးသပ်ခဲ့ကြကြောင်းထုတ်ပြန်ပါတယ်။

စစ်ရေးဆိုင်ရာ လိုအပ်ချက်တွေကိုတက်နိုင်တဲ့ဘက်ကကူညီပံ့ပိုးဖို့နဲ့မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေး တို့ကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ကရင်အဖွဲ့အစည်းကိုယ်စားလှယ်တွေက သက်ဆိုင်ရာနိုင်ငံအလိုက် ကရင် အမျိုးသားများအခြေအနေနဲ့ လှုပ်ရှားဆောင်ရွက်မှုများ၊အာဏာသိမ်းစစ်တပ်မှ လေကြာင်းအသုံးပြုပြီး ပြည်သူတွေအပေါ်နိုင်ငံ အနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမှ ဖိအားပေးမှုများ ပြုလုပ်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံအစိုးရ လွတ်တော် ပါလီမန် ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံတင်ပြပြောဆိုမှုများရှိခဲ့ကြောင်းဆွေးနွေး ဖလှယ်ခဲ့တယ်လို့ဆိုပါတယ်။

လူထုအခြေပြုကရင်လူမှုအဖွဲ့အစည်းတွေကလည်း ၂၀၂၁စစ်တပ် အာဏာသိမ်းမှုအလွန် ဖြစ်ပေါ်လာသော နိုင်ငံရေး အခင်းအကျင်းနဲ့မြေပြင်တိုက်ပွဲအခြေအနေတွေကြောင့် စစ်ဘေးစစ်ဒဏ်အောက်မှာ အတိဒုက္ခရောက်နေတဲ့ပြည်သူလူထုတို့ အတွက် လိုအပ်နေတဲ့ လူမှုရေးအကူအညီတွေကို လူထုထံသို့တိုက်ရိုက်ကူညီပေးတဲ့နည်းလမ်းတွေနဲ့ သက်ဆိုင်ရာ လူမှုရေးဆိုင်ရာအကူအညီပေးပံ့ပိုးကူညီတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက် ကူညီပံ့ပိုးတဲ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

KNUက လက်ရှိနိုင်ငံရေးအခြေအနေနဲ့ရပ်တည်ချက်တွေ၊လုပ်ငန်းစဉ်တွေ ၊ ကော်သူးလေတည်ဆောက်ရေးအတွက် အသုံးပြုကိုင်စွဲပြဌာန်းမယ့် “ကော်သူးလေချာတာ” ကို အသိပေးရှင်းလင်းချပြတာလုပ်ဆောင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကော်သူးလေ အတွင်းမှီတင်းနေထိုင်ကြတဲ့ အခြားလူမျိုးများကိုယ်စားပြုမှုပါဝင်တဲ့ ကော်သူးလေတည်ဆောက်ရေးတရားဝင်မှု၊ ကော်သူးလေ တည်ဆောက်မှုမှာ ကျင့်သုံးအကောင်အထည်ဖော်မယ့် ကော်သူးလေအုပ်ချုပ်ရေးစနစ် နဲ့ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေကို KNUဘက်ကဆွေးနွေးခဲ့ပါတယ်။

စစ်ရေးဆိုင်ရာလိုအပ်ချက်တွေ၊ကရင်အမျိုးသားတို့ရဲ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို ထိခိုက်လာစေမယ့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများအပေါ် တိုက်ဖျက်ရေးနဲ့ကိုင်တွယ်မှုတွေ ကိုလည်းအသိပေးခဲ့ကြောင်းဖော်ပြထားပါတယ်။

ကရင်လူငယ်အစည်းအရုံးကလည်း ကော်သူးလေတည်ဆောက် ရေးလုပ်ငန်းစဉ်မှာပါဝင်နေမှုတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ကရင်အဖွဲ့အစည်းအသီးသီးရဲ့ဆွေးနွေးမှုတွေအပေါ် အကြောင်းအရာလိုက် အုပ်စုဖွဲ့ဆွေးနွေးခဲ့တာတွေလုပ်ဆောင်ကာKNU ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ကော်သူးလေ တည်ဆောက်ခြင်းကို လက်ခံကာ နိုင်ငံရေးအရ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်နဲ့အကြံပြုချက်တွေ ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကျင်းပနိုင်တာဟာ ကရင်အမျိုးသားအချင်းချင်းကြား ပိုမိုသိရှိနားလည်လာနိုင်တဲ့အခွင့်အရေးတွေနဲ့ ပိုမိုအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပေါ်စေလို့ လာမယ့်နှစ်တွေမှာလည်း ပုံမှန်ကျင်းပသွားဖို့သဘောထားရှိကြောင်းအသိပေးပြီး နေရာဒေသအသီးသီးရှိ ကရင်အမျိုးသားအဖွဲ့အစည်းများ ပိုမိုပါဝင်လာမှုကို လမ်းဖွင့်ထားကြောင်းအသိပေးပါတယ်။

ဆက်စပ်သတင်းများ