Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ်အစိုးရသစ်တက်လာတဲ့နေ့မှာ ရေလုပ်သား ၇၃ ဦးကို AAကတရားဝင်ပြန်လွှဲပေး

မြန်မာ့ ရေပိုင်နက်ထဲမှာတရားမဝင်ငါးဖမ်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၇၃ ဦးကိုအာရက္ခတပ်တော်(AA)ကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ထံတရားဝင်ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

(ဘင်္ဂလားဒေ့ရှ် ​ရေလုပ်သား ၇၃ ဦးကို AAကလွှဲ​ပြောင်း​ပေး​နေစဥ်။ဓါတ်ပုံ-APM )

​ဖေ​ဖော်ဝါရီ-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring

မြန်မာ့ ရေပိုင်နက်ထဲမှာတရားမဝင်ငါးဖမ်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၇၃ ဦးကိုအာရက္ခတပ်တော်(AA)ကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ထံတရားဝင်ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နဲ့ ၂၀၂၅ ခုနှစ်အတွင်းဖမ်းမိခဲ့တဲ့ ရေလုပ်သား ၇၃ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြန်လွှဲပေးတာ ဖြစ်ပါတယ်။မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်အနီးရှိ နှစ်နိုင်ငံရေပိုင်နက်မှာ AAဖက်က လုံခြုံရေးအင်အား ၇၀ ကျော်နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ဘက်မှ တာဝန်ရှိသူတွေ တွေ့ဆုံပြီး လွှဲပြောင်းပေးခဲ့တာပါ။

ပြန်လည်လွတ်မြောက်လာတဲ့ ရေလုပ်သားတစ်ဦးဖြစ်တဲ့ ဆီးရက်စ်ဆိုသူက ၎င်းအနေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သော်လည်း ၆ လအကြာမှာ လူသားချင်းစာနာမှုဖြင့် ပြန်လွှတ်ပေးခဲ့တဲ့အတွက် အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်ကြောင်း ပြောသွားတယ်လို့ ရက္ခိုင်​ဒေသတွင်းသတင်း​တွေကိုအဓိက​ဖော်ပြ​ပေး​နေတဲ့ Arakan Bay News က သတင်း​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရွေးကောက်ခံအစိုးရတက်လာတဲ့နေ့မှာ AAကအခုလိုရေလုပ်သား အကျဉ်းသားတွေပြန်လည်လွှဲပြောင်းပေးခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဖက်ကလက်ခံပေးခြင်းဟာနယ်စပ်ဒေသတည်ငြိမ်ရေးနဲ့လုံခြုံရေးအရပူးပေါင်းလုပ်ဆောင်ကြဖို့ ရလဒ်ကောင်းဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်။

“AAရဲ့ သံတမန်ရေး အောင်မြင်မှုလည်းဖြစ်သလို ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ကလည်း AAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်လာမယ့်အနေအထားတွေ့ရတယ်” လို့ နိုင်ငံရေး လေ့လာသူတစ်ဦးကပြောပါတယ်။

ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ကျောင်းသားတွေဦးဆောင်တဲ့လူထုသပ်ိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ အစိုးရပြုတ်ကျခဲ့ပြီးနောက်ပိုင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်က နိုင်ငံကို ဦးဆောင်ခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP)ကိုယူနွတ်စ်က ဖေဖော်ဝါရီလ ၁၆ ရက်မှာ အာဏာလွဲပြောင်းပေးခဲ့ပါတယ်။

မောင်တောမြို့နယ်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ဒေသတွေကိုAAက ထိန်းချုပ်ထားတာပါ။နယ်စပ်ဒေသအရေးကို AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေဆွေးနွေးဖို့ ကြိုးစားနေတာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခြေကုပ်ရယူပြီးနယ်စပ်တလျှောက်စိမ့်ဝင်နေတARSA၊ RSO အဖွဲ့တွေက မွတ်ဆလင်မဟုတ်တဲ့ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့ AA ကသတိပေးထားပါတယ်။ဇန်နဝါရီလ ၁၁ရက် မနက်ပိုင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကနေ မောင်တောမြို့နယ်ထဲကို ဝင်လာတဲ့ ARSA တပ်ဖွဲ့တွေနဲ့AAတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အအစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပေါ်မှုဟာနယ်စပ်ဒေသအရေး AAနဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံပြောင်းလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ