Connect with us

Hi, what are you looking for?

သတင်း

PDFဂိမ်းထဲက ဗိုလ်နဂါး‌ဇာတ်ကောင်ကို ဖယ်ထုတ်မယ်

တော်လှန်ရေးကိုသစ္စာဖောက်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါးဇာတ်ကောင် ကို ဂိမ်းထဲက‌ ထုတ်မယ်လို့ The PDF Gameက အသိပေးထားပါတယ်။

(PDF ဂိမ်းမှာ သုံးခဲ့တဲ့ ဗိုလ်နဂါး ဇာတ်ကောင် သရုပ်ဖော်ပုံ)

ဖေဖော်ဝါရီ-၂၀၊၂၀၂၆။တေဇ/People’s Spring

တော်လှန်ရေးကိုသစ္စာဖောက်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါးဇာတ်ကောင် ကို ဂိမ်းထဲက‌ ထုတ်မယ်လို့ The PDF Gameက အသိပေးထားပါတယ်။

“Gameထဲ တီကောင်ကို တခြားတော်လှန်ရေး ရဲဘော်တွေနဲ့ တစ်တန်းတည်း ထားမိတာ ကာကာတွေ ကို တောင်းပန်ချင်ပါတယ်။ B.N.R.A ကို မထောက်ပံ့ခဲ့တာမို့ ကလစ်ထားတာ သူတို့စီ တစ်ကျပ်မှ မရောက်ဖူးလို့ စိတ်သန့်သန့် ထားနိုင်ပါတယ်”လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဂိမ်းထဲမှာ အဲဒီ့ဇာတ်ကောင်ကို ဖယ်ထုတ်ကာ Update ပြုလုပ်ပေးမှာဖြစ်ပြီး Android ဖုန်းတွေက iOSတွေ ထက်စောနိုင်တယ်လို့လည်း အသိပေးထားတာပါ။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၂နှစ်ကျော်ကလည်း ဒီဂိမ်းထဲကနေ ဗိုလ်နဂါးဇာတ်ကောင်ကို ဖယ်ရှားဖို့ အသုံးပြုသူတွေက တောင်းဆိုခဲ့ဖူးပါတယ်။

War Of Heroes-The PDF Game Application ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လက်နက်နဲ့ လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၂၂မှာ အိုင်တီပညာရှင် ကိုတွက်က ဖန်တီးခဲ့တာပါ။

ဂိမ်းထဲမှာလည်း PDFတွေက စစ်ကောင်စီကို တိုက်ခိုက်နေ‌တဲ့ ပုံစံဖန်တီးထားတာဖြစ်ပြီး ကစားတဲ့ အဆင့်အလိုက် ရာထူးတွေပေးတာမျိုး ပြုလုပ်ထားတာပါ။

နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ ထင်ရှားသူတွေကိုတော့ ဇာတ်ကားတွေအနေနဲ့ အပါအဝင် ဂုဏ်ပြုလက်မှတ်တွေ မှာလည်း ပုံရိပ်တွေ အသုံးပြုတာဖြစ်ပါတယ်။

ဒီဂိမ်းစတင်ချိန်က လစဉ် ဒေါ်လာသောင်းချီ ရခဲ့တာကြောင့် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ အများအပြားစီးဆင်းနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ဝင်ရောက်သုံးစွဲသူ နည်းပါးလာတာကြောင့် ငွေရရှိမှုလည်းနည်းပါးလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဒီဂိမ်း‌ကို Download လုပ်ထားတာတွေ့ရင် ဖမ်းဆီးအရေးယူမှုတွေပြုလုပ်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ