Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာမြောက်ဘက်တောင်ကုန်းရှိ KIAတပ်စခန်းနေရာကို စစ်တပ် ဗုံးကြဲ၊ အသေခံ ဒရုန်းနဲ့လည်း တိုက်ခိုက်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ရဲ့ မြောက်ဘက် တောင်ကုန်းတခုမှာရှိတဲ့ KIA တပ်စခန်းနေရာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆင်ဖြူရှင်စစ်ဆင်ရေးသရုပ်ပြနေစဉ်အတွင်း စစ်တပ်သုံး ဖိုက်တာဂျက်လေယာဉ် ၂ စင်း ဗုံးကြဲချနေတာကို ၂၀၁၈ ဖေဖော်ဝါရီ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ရဲ့ မြောက်ဘက် တောင်ကုန်းတခုမှာရှိတဲ့ KIA တပ်စခန်းနေရာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်ည ၁၀နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီက မြန်မာ-တရုတ် နယ်စပ်မြို့ လိုင်ဇာကို တိုက်လေယာဉ်နဲ့ ဝဲပြီး ဗုံးကြဲတိုက်ခိုက်တာမရှိပေမယ့် အပြန်မှာ KIA တပ်စခန်းနေရာကို ကြဲခဲ့တာလို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ အသေခံ ဒရုန်းနဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဗုံး ၂လုံး ကြဲသွားတယ်။ မြို့အနား တောင်ပေါ် ဘက် စခန်းရှိတယ်။ဖိုက်တာလာပြီးနောက် အသေခံဒရုန်း ၃စီးနဲ့ ပြန်လာတိုက်သွားတယ်။ နေရာအတူတူပဲ။ မြို့မြောက်ဘက် တောင်ကုန်းမှာ”လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်း ဗုံးကြဲမှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးမရှိဘူးလို့လည်း ပြောပြပါတယ်။

အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း “လိုင်ဇာနဲ့ နည်းနည်းဝေးတဲ့နေရာမှာ ဗုံးကြဲတာတော့ရှိတယ်”လို့ ပြောပါတယ်။

တရုတ်နယ်စပ်လိုင်ဇာကို တိုက်လေယာဉ်နဲ့ သုံးခါလောက် လာဝဲပြီး အပြန်မှာ ဗုံးကြဲသါားတာလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်ည ၈နာရီကျော်အချိန်မှာ မြစ်ကြီးနား လေဆိပ်မှာ ပေါက်ကွဲမှု ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ခရီးသည်တင်လေယာဉ် တစီး အမြီးပိုင်းထိခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး စစ်ကောင်စီက လေယာဉ်နဲ့ လိုင်ဇာဘက် ဝဲတာ၊ တပ်စခန်းကို ဗုံးကြဲတာအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မြစ်ကြီးနားမြို့မှာ လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

” ညက စီတာပူထဲကျတဲ့ လက်နက်ကြီးမပခ ထဲက ပစ်တဲ့ အချိန် စီတာပူထဲ ကျတဲ့ အချိန် စက္ကန့်ပိုင်းပဲခြားတာသိဖို့ ၊ ဘယ်သူ့ လက်ချက်ဆိုတာ” ဟု ကချင်သတင်းရင်းမြစ်တဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှု ဖြစ်ရပ်မှာလည်း စစ်ကောင်စီရဲ့ ဖန်တီးမှုသာဖြစ်ဟုကချင် စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

” မြစ်ကြီးနား လေဆိပ်တိုက်တဲ့ကိစ္စနည်းနည်းပြောချင်တယ်။ တကယ်ဆို အခု နှစ်ရက်လောက်ရှိပြီ မြစ်ကြီးနားမှာ မြစ်ဆုံစီမံကိန်းလုပ်ဖို့ရန်အတွက် တရုတ် အာဏာပိုင်တွေရောက်နေတယ်။ တရုတ်အာဏာပိုင်နဲ့ မင်းအောင်လှိုင်အဖွဲ့တွေ မြစ်ကြီးနားမှာ ညှိနေကြတယ်။ အဲဒီ အချိန်မှာ သူတို့က ဒီလိုမျိုး ပြန်လုပ်တယ်ဆိုတာက KIAကို နာမည်ပျက်အောင်လုပ် ချင်တာ။ တကယ်ဆို KIAတွေ PDF တွေ တိုက်တာမဟုတ်ဘူး။ သူတို့ စစ်တပ်က ကိုယ်တိုင်ဖန်တီးတာ” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA သတင်းရင်းမြစ်တဦးကလည်း “KIA PDF နာမည် ဖျက်ချင်လို KIA PDF ကို ဆန့်ကျင်နေတဲ့ ဒူးလေး ပြည်သူ့စစ် မင်းဇေသန့် ပြည်သူ့စစ်တွေ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။KIA PDF က ပြည်သူစီးတဲ့ လေယာဉ်လုပ်မှာ မဟုတ်ဘူး”လို့ မနေ့က ည မြစ်ကြီးနား လေဆိပ် တိုက်ခိုက်ခံရမှု အပေါ် မှတ်ချက်ပြုပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက် မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံတွေဟာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ လူထု တွေ့ဆုံပွဲ တရပ် ကျင်းပခဲ့တယ်လို့ စစ်ကောင်စီ ဌာနဆိုင်ရာ နဲ့ နီးစပ်သူတွေကို ကိုးကားပြီး KNG သတင်းဌာနက ဖော်ပြထားပါတယ်။

မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက KIAကို စွပ်စွဲထားတာပါ။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖေဖော်ဝါရီ ၂၀ရက်ည ပိုင်း ဖြေကြားချက်မှာ “မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး။” ဟု People’s Spring မေးမြန်းချက်အပေါ် ပြောပြပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်ကလည်း မြစ်ကြီးနားလေဆိပ်ဝင်းထဲမှာ ဒရုန်းတစင်း ပျက်ကျခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တုန်းက စစ်ကောင်စီက KIAကို စွပ်စွဲခဲ့ပေမယ့် ဗိုလ်မှူးကြီးနော်ဘူက မဟုတ်ဘူးလို ကချင်သတင်းဌာန KNG မှာ ဖြေကြားထားပါတယ်။ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူကပြောကြားခဲ့တာပါ။

“KIA အမြဲတမ်း တစ်ဖက်ရန်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလုပ်ပါတယ်။ အခုဖြစ်သွားတဲ့ အများပြည်သူသုံးတဲ့ လေယာဉ်ကွင်းက စစ်နေရာမဟုတ်သလို ရန်သူလည်းမရှိပါဘူး။ ပစ်ရင်က ရန်သူရှိတဲ့ စစ်လေယာဉ်ကွင်းကို ပစ်မှာပဲ။ နောက်တစ်ခုက စစ်ကော်မရှင်ကနေ ပြည်သူသုံးတဲ့ လေယာဉ်တွေကို အသုံးပြုပြီး စစ်မြေပြင်နေရာတွေမှာ အသုံးပြုတာတွေရှိတယ်။ ဥပမာ – စစ်အင်အားသယ်ယူတာတွေ၊ Y- 12, Y-8 တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အခုလိုလုပ်တာက ပြည်သူလူထုကို နားလည်မှုလွဲအောင်၊ အမြင်မှားအောင်လုပ်နေတယ်လိုပဲပြောချင်တယ်”လို ဗိုလ်မှူးကြီး နော်ဘူက ပြောကြားထားတာပါ။

မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှု အခြေအနေတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်တွေ သိရနိုင်ဖို့ ဗိုလ်မှူးကြီးနော်ဘူထံ ဒီကနေ့ မနက်ထပ်မံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။