Connect with us

Hi, what are you looking for?

သတင်း

ဒလတံတားပေါ်ပြေးဆွဲတဲ့ YBSပေါ်က ပြုတ်ကျပြီး ကလေးငယ်တစ်ဦး သေဆုံး

ဒလတံတားပေါ်ကနေ ပြေးဆွဲနေတဲ့ YBSကား ကြမ်းခင်းပေါက်ကနေ (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ပြုတ်ကျပြီး သေ‌ဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

(YBSကားပေါ်က ပြုတ်ကျ သေဆုံးတဲ့ ကလေးငယ်ကို ဒလသုဿန်ကိုပို့ဆောင်နေစဉ်။ ဓာတ်ပုံ − Hok Fu)

ဖေဖော်ဝါရီ-၂၃၊၂၀၂၆။ရောင်နီ/People’s Spring

ဒလတံတားပေါ်ကနေ ပြေးဆွဲနေတဲ့ YBSကား ကြမ်းခင်းပေါက်ကနေ (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ပြုတ်ကျပြီး သေ‌ဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

ဒီနေ့(ဖေဖော်ဝါရီ ၂၃) ညနေက ဒလတိုးဂိတ်အရောက် Slow Down ကိုကျော်တဲ့အချိန် YBS ကားကြမ်းခင်းပေါက်ကနေ ကလေးငယ်တစ်ဦး ပြုတ်ကျပြီး ကားရဲ့ နောက်ဘီးနဲ့ အနင်းခံရကာဦး‌ ခေါင်းကွဲဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ကြီးလေးကြီးအသင်းက အခင်းဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်က အ‌ဒေါ်နဲ့အတူ ဒလမြို့နယ်ကနေ ရန်ကုန်မြို့ထကို ဝါဖြေဖို့ မုန့်ဝယ်ပြီး အပြန်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားတဲ့ ကလေးငယ်ကို ဒလပြည်သူ့ဆေးရုံမှာ ဆေးစစ်ချက်ယူပြီး ဒလသုဿန်ကိုပို့ဆောင်ပေးခဲ့တယ်လို့ ကြီးလေးကြီးအဖွဲ့က အသိပေးထားပါတယ်။

ဒီချုပ်အစိုးရ လက်ထပ်ကစတင်ခဲ့တဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကို စစ်ကောင်စီ ခေါင်းဆောင်က ဖေဖော်ဝါရီ ၆ ရက်မှာ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး YBS ယာဉ်လိုင်းအချို့ကို ခရီးစဉ်စမ်းသပ်ပြေးဆွဲနေတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ ဒလတံတားပေါ်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ် အစီး ၃၀ ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ခရီးစဉ်ပြေးဆွဲစေမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သရော်စာ

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

သတင်း

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။