Connect with us

Hi, what are you looking for?

သတင်း

ရွှေစာရံဘုရားပွဲ ဝင်ကြေးကောက်နေလို့ ဧည့်သည်တွေ အနှောင့်အယှက်ဖြစ်နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားပွဲမှာ ဝင်ကြေးကောက်နေလို့ ဘုရားဖူးဧည့်သည်တွေ စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရွှေစာရံဘုရားပွဲတော်စျေးတန်းအား တွေ့ရစဥ်။ ပွဲတော်ဝင်ကြေးနှင့် ယာဥ်ရပ်နားခကောက်ခံသည့်လက်မှတ်။ ဓာတ်ပုံ - CJ)

ဖေဖော်ဝါရီ-၂၄၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားပွဲမှာ ဝင်ကြေးကောက်နေလို့ ဘုရားဖူးဧည့်သည်တွေ စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စတင်ကျင်းပနေပြီဖြစ်တဲ့ ရွှေစာရံဘုရားပွဲမှာ ဝင်ကြေးအဖြစ် ကားတစ်စီး ကျပ်ငါးထောင်၊ ဆိုင်ကယ်တစ်စီး ကျပ် သုံးထောင်ကောက်ခံနေကြောင်း၊ ဒါ့အပြင် ယာဥ်ရပ်နားခကိုလည်း ကားတစ်စီး ကျပ်ငါးထောင်၊ ဆိုင်ကယ်တစ်စီး ကျပ်နှစ်ထောင် ကောက်ခံနေလို့ ဘုရားဖူးဧည့်သည် တွေ စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဝင်ကြေးဆိုပြီး ငါးထောင်ဆောင်ရတယ်။ ဘောလုံးကွင်းကြီးထဲရောက်တော့လည်း ကားပါကင်ခဆိုပြီး ငါးထောင်ဆောင်ရတယ်။ အရင်နှစ်က ထိပ်ကနေငွေကောက်ပြီးစတစ်ကာကပ်ပေးလိုက်ရင် ဝင်လို့ရပြီ။ ပါကင်ကြေးကလည်း ပြေစာမှာမပါဘူး”လို့ သွားရောက်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝင်ကြေးနဲ့ ယာဥ်ရပ်နားခတွေ အဆမတန်တောင်းနေလို့ ငွေကောက်တဲ့ဝန်ထမ်းတွေနဲ့ ဘုရားဖူးတွေ နေ့စဥ်စကားများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ခန်းခတွေလည်း တိုးမြှင့်ထားတဲ့အတွက် စျေးသည်တွေပါ အခက်အခဲ ဖြစ်နေတယ်လို့လည်း စျေးရောင်းချနေသူတွေက ပြောပါတယ်။

“ကားဆရာတွေတင်မကဘူး ဆိုင်တွေလည်းမပျော်ဘူး။ ဆိုင်ခန်းခတွေ အဆမတန်ပေးရတယ်။”လို့ စျေးသည်တစ်ဦးက ဆိုပါတယ်။

ယာဥ်ရပ်နားခကောက်ခံခွင့်ဟာ မနှစ်က လေလံကြေး ကျပ်သိန်း ၅၀၀ သာရှိပြီး ယခုနှစ် ကျပ် ကျပ်သိန်း ၁၆၁၀ လို့ဆိုတဲ့အတွက် စျေးတွေအဆမတန်ကောက်ခံနေကြတာဖြစ်ကြောင်း ဘုရားဂေါပကနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရွှေစာရံဘုရားပွဲဟာ နှစ်စဥ် တပေါင်းလမှာ ကျင်းပလေ့ရှိပြီး ဘုရားဖူးသိန်းချီလာရောက်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ