Connect with us

Hi, what are you looking for?

သတင်း

BNRAထိပ်ပိုင်း ၅ဦးကို PDF စစ်ဆေးနေ

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

(ဖေဖော်ဝါရီ ၁၈ ရက်က စစ်တပ်ထံ လက်နက်ချနေတဲ့ ဗိုလ်နဂါး(ဝဲ) ။ ဓာတ်ပုံ - စစ်ကောင်စီ)

▪️ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအများစု ဗိုလ်နဂါးပစ်မှတ်သတင်းပေးခဲ့တာလို့ ထွက်ဆိုထားဟုဆို

ဖေဖော်ဝါရီ-၂၆၊၂၀၂၆။ကဖေး/People’s Spring

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

BNRAက စစ်ရေးတာဝန်ခံရာထူးနဲ့ တပ်ရင်းမှူးတာဝန်တွေယူထားတဲ့ စစ်နိုင်၊ ဒေါင်းညို၊ သုဘရာဇာအပါအဝင် ၅ဦးကို ယင်းမာပင်ခရိုင်ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်နိုင်က အဖွဲ့ဝင် ၁၅၀ ခန့်နဲ့အတူ ပုလဲမြို့နယ်အတွင်းမှာ အလင်းဝင်လာတာဖြစ်ပြီး ဒေါင်းညိုကလည်း PDFနဲ့ ပကဖထံ ဆက်သွယ်ပြီး အလင်းဝင်ခဲ့သူပါ။သုဘရာဇာကတော့ အဖွဲ့ဝင်အချို့နဲ့အတူ ဆားလင်းကြီးမြို့နယ်ဘက်ကို ထွက်ပြေးသွားပြီး ပကဖထံ လက်နက်ချခဲ့တာပါ။

သူတို့ ၃ဦးအပြင် စုစု‌ပေါင်း ၅ဦးကို အသေးစိတ်စစ်ဆေးမေးမြန်းနေပြီး မကြာမီ သတင်းထုတ်ပြန်ဖို့ရှိတယ်လို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိစစ်ဆေးမှုတွေအရ ပုလဲမြို့နယ်အပါအဝင် ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗိုလ်နဂါးကိုယ်တိုင်က စစ်ကောင်စီတပ်ထံ ပစ်မှတ်မြေပုံညွှန်း တိုက်ရိုက်ပေးခဲ့တာတွေရှိတယ်လို့ ကနဦးစစ်ဆေးချက်ကို အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

BNRA တပ်ဖွဲ့အောက်မှာ အဖွဲ့ဝင်အင်အား ၃၀၀ကနေ ၄၀၀ ခန့်ရှိနိုင်ပြီး ယင်းမာပင်ခရ်ိုင်နဲ့ မုံရွာခရိုင်အပြင် စစ်ကိုင်းတိုင်းနဲ့ ‌မကွေးတိုင်းကမြို့နယ်တချို့မှာပါ ဗိုလ်နဂါးက လက်နက်တွေ ပေးအပ်ပြီး လူစုထားတာလို့ ဆိုပါတယ်။

ပုလဲမြို့နယ်မှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ရက်မှာ ဗိုလ်နဂါးက စစ်တပ်ထံအလင်းဝင်ခဲ့လို့ စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။ ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့အဖွဲ့ဝင်အချို့လည်း စစ်ကောင်စီထံလက်နက်ချသွားပါတယ်။

” ရာထူးတွေ၊လက်နက်တွေနဲ့ မက်လုံးပေးထားတာ။ ဖွဲ့စည်းပုံက ရှုပ်နေတာပဲ။ ရာထူးတွေကလည်း အမျိုးမျိုးပဲ။ အခုကတော့ ထိပ်ပိုင်းက ၅ဦးကိုစစ်နေတယ်”လို့ PDF သတင်းရင်းမြစ်ကပြောပါတယ်။

အလောင်းတော်ကဿပကြိုးဝိုင်းထဲမှာ ဆင်သတ်မှုနဲ့ အခြားသောရာဇဝတ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ BNRAက တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ် မျက်လုံးက တော့ဖေဖော်ဝါရီ ၁၇ရက် နေ့လယ်ပိုင်းမှာ PDFတွေဆီလက်နက်ချပူးပေါင်းခဲ့ပြီးမှ ပြန်ထွက်ပြေးသွားပါတယ်။

ဒါပေမယ့် စစ်ကောင်စီထံမှာလား ထွက်ပြေးနေဆဲလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်ပြီး ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ်သီတင်းကံကြီးရွာက ဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ဦးအရိယာဝံသကိုလည်း ထိန်းသိမ်းထားပါတယ်။

BNRAအဖွဲ့ကို ဦးဆောင်သူနိုင်လင်း (ခ) ထင်လင်း (ခ) ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်‌ရေးနဲ့ တရားဥပဒေ စိုးမိုး‌ရေးကိုဆန့်ကျင်တဲ့ လုပ်ရပ်တွေ ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ တပ်ဖွဲ့ဝင်တွေကို လုပ်ဆောင်စေခြင်း၊ တပ်ဖွဲ့ဝင်များ လုပ်ဆောင်တာကို မျက်ကွယ်ပြုခြင်းတွေ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားပါတယ်။စစ်‌ကောင်စီထံဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်းPDFနဲ့ ပကဖထံ လက်နက်ချပူးပေါင်းလာတဲ့

BNRAတပ်ဖွဲ့ဝင် ၂၀၀ ခန့်ရှ်ိပါတယ်။ အများစုက တော်လှန်ရေးမှာ ပါဝင်မှာဖြစ်ပြီး လူငယ်၆၀ဦးခန့်ကို မိဖတွေထံ ပြန်အပ်နှံပေးထားတယ်လို့ သတင်းရရှိပါတယ်။

ပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ BNRAတပ်ဖွဲ့ဝင်တွေ စိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန (MOD)က ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။