Connect with us

Hi, what are you looking for?

သတင်း

NUCCနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

မတ် ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှာ တွေ့ဆုံခဲ့တဖြစ်ပြီး NUCCရဲ့ Operation Team တာဝန်ရှိသူတွေနဲ့ SRA ခေါင်းဆောင်တွေ စုံလင်စွာတက်ရောက်ခဲ့ပြီး ဆွေးနွေးမှုဟာ ၂နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

NUCCကောင်စီဝင် ဦးတိုးကျော်လှိုင်နဲ့ SRA ဦးဆောင်ကော်မတီဝင် ခွန်ဘီထူးတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး SRA ရဲ့ စုဖွဲ့မှု ရည်ရွယ်ချက်တွေ၊ လက်ရှိလုပ်ဆောင်မှုတွေ၊ NUCC ရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အခြေအနေတွေကို အပြန်အလှန် မျှဝေခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် NUCCနဲ့ SRAတို့ဆက်လက်တွေ့ဆုံဖို့နဲ့ အသေးစိတ်ထပ်မံဆွေးနွေးဖို့အကြောင်းအရာတွေ ညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

SRAကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ချင်းညီနောင်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် အပါအဝင် ဒေသအသီးသီးက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၉ခုနဲ့ ဖွဲ့စည်းထားတာပါ။

SRAအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။အလားတူ NUCCနဲ့ NUGတို့ဟာလည်း ပြီးခဲ့တဲ့ တလအတွင်း ၃ကြိမ်တွေ့ဆုံဆွေးနွေးကာ အားကောင်းတဲ့တော်လှန်ရေးဦးဆောင်မှု ပေါ်လာဖို့ ဆွေးနွေးခဲ့ကြတာရှိပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

NUGနဲ့ SRAတို့ရဲ့ဖေဖော်ဝါရီ ၂၇ရက်ကတွေ့ဆုံမှုမှာ စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံရေးဦးဆောင်မှု ဆိုင်ရာတွေဆွေးနွေးခဲ့ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)