Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်မှာ မီးလောင်မှုအတွင်းသက်ကြီးပိုင်းနှစ်ဦးသေဆုံး

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

မတ် -၂ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

ဒီမနက်ပိုင်း ၂ နာရီခွဲအချိန်က စျေးကြိုနယ်မြေ ၊ ဒေါင်းဇရပ် ရပ်ကွက် ၊ TTC ကျောင်းလမ်းထဲက နေအိမ်မှာ မီးလောင်မှုဖြစ်တာပါ။

အဲဒီမီးလောင်မှုအတွင်း အသက် ၇၀ အရွယ် အဘိုး၊အဘွားနှစ်ဦး သေဆုံးခဲ့သလို အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ မီးခိုးကြောင့် အသက်ရှုကြပ်ပြီး အချိန်မီမထွက်နိုင်လို့ ဆုံးသွားတာ” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကိုတော့ မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးလည်း ဆေးရုံမှာ ဆေးဝါးကုသနေတယ်လို့သိရပါတယ်။ မီးလောင်တဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့ ဆက်လက်မေးမြန်းစုံစမ်းနေဆဲပါ။

ဓာတ်ပုံ – ရာမည အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောကြီးပေါ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန် ရေတပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်စျေးက ဆိုင်ခန်းတွေ ဒီကနေ့ညဦးပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။