Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလွတ်ငြိမ်း နိုင်ကျဥ်း သုံးထောင် ကျော်သာ လွတ်

စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ထောင်ကျော်လွှတ်မယ်လို့ဆိုပေမဲ့ ဒီကနေ့ မတ်လ၃ရက် နေ့လယ်ပိုင်းအထိ သုံးထောင်ကျော်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို ကြိုဆိုနေကြသူတွေနဲ့ မတ်လ ၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − PS

မတ်−၃ရက်၊၂၀၂၆။ဇေအောင်/People’s Spring

စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ထောင်ကျော်လွှတ်မယ်လို့ဆိုပေမဲ့ ဒီကနေ့ မတ်လ၃ရက် နေ့လယ်ပိုင်းအထိ သုံးထောင်ကျော်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကနေ ဒီကနေ့ မတ်လ ၃ရက် နေ့ခင်း ၁နာရီအထိ စုံစမ်းချက်အရ ပေါင်းတည် အကျဉ်းထောင်မှ ကျား(၁၆)ဦးနဲ့ မ(၆)ဦး၊သာယာဝတီအကျဉ်းထောင်မှ ကျား (၅၉ )ဦးနဲ့ မ( ၃၃ )ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ ကျား(၁၇၇) ဦးနဲ့ မ(၆၂)ဦး၊ မအူပင်အကျဉ်းထောင်မှ ကျား(၃၈)ဦးနဲ့ မ(၆)ဦး၊ ကော့သောင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၆)ဦး၊

ပခုက္ကူအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၀)ဦး၊ ကလေးအကျဉ်းထောင်မှ ကျား(၈၁)ဦး နဲ့ မ(၂၅)ဦး၊ ပြည်အကျဉ်းထောင်မှ ကျား (၄၈)ဦးနဲ့ မ (၁၄)ဦး၊ သထုံအကျဉ်းထောင်မှ ကျား(၆၂)ဦး၊ မြိတ်အကျဉ်းထောင်မှ ကျား(၁၈)ဦးနဲ့ မ(၁၇)ဦး၊ မြစ်ကြီးနားအကျဉ်းထောင်မှ ကျား (၁)ဦးနဲ့ မ(၂)ဦး၊ အင်းစိန်အကျဉ်းထောင်မှ မ (၅)ဦး၊ ရွှေဘိုအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၂)ဦး၊ ကသာအကျဉ်းထောင်မှ ကျား (၂၀)ဦးနဲ့ မ(၇)ဦး၊ ကျိုက်မရောအကျဉ်းထောင်မှ ကျား (၈၇)ဦးနဲ့ မ(၇၃)ဦး၊ သရက်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၃၀)ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ကျား(၁၀၀)ဦးနဲ့ မ(၂၀)ဦး၊ အိုးဘိုအကျဉ်းထောင်မှ ကျားအချုပ်(၁၀)ဦး၊ မအချုပ်(၇၈)ဦး၊ကျား(၆၇၀)ဦး၊ မ(၁၇၄)ဦး၊ ရမည်းသင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၉၃)ဦး၊ လွိုင်ကော်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၁၁၀)ဦး၊ မြင်းခြံအကျဉ်းထောင်မှ ကျား (၃၁)ဦးနဲ့ မ (၁၈)ဦး၊ မိတ္ထီလာအကျဥ်း‌ထောင်မှကျား (၁၄)ဦး နဲ့ မ(၉)ဦး၊ ပုသိမ်အကျဥ်း‌ထောင်မှ ကျား(၆၇)ဦး နဲ့ မ (၂၁)ဦး၊ ထားဝယ်အကျဉ်းထောင်မှ ကျား(၈၀)ဦးနဲ့ မ (၂၈)ဦး၊ မိုးညှင်းအကျဥ်း‌ထောင်မှ ကျား(၂) ဦးနဲ့ မ(၄)ဦး၊ နေပြည်တော်အကျဉ်းထောင်မှ ကျား(၁၈)ဦး၊ မြောင်းမြအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၆၈)ဦး၊ မုံရွာအကျဉ်းထောင်မှ ကျား(၂၀၀)ဦးနဲ့ မ(၄၇)ဦး၊ ဂန့်ဂေါအချုပ်ထောင်မှ ကျား၊မ စိစစ်ဆဲ (၆၀)ဦး၊ မကွေးအကျဉ်းထောင်မှ ကျား(၂၅၁)ဦးနဲ့ မ(၈၈)ဦး တောင်လေးလုံး(ခ) ညောင်ရွှေအကျဉ်းထောင်မှ ကျား(၂၀၀)ဦးနဲ့ မ(၈၄)ဦး လွတ်မြောက်လာခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“အခုအချိန်ထိတော့ သုံးထောင်ကျော်အရေအတွက်ပဲ တွေ့ရတယ်။ ဒါတောင်လွတ်ရက်စေ့ရဲ့သားနဲ့၊ လွှတ်သင့်ရဲ့သားနဲ့ ၅၂(က)တို့၊ ၅၀(ည)တို့ကိုပဲ ဒီပုဒ်မတစ်ခုတည်းနဲ့ ကျခံထားရတဲ့သူတွေကို မလွှတ်ပေးတာမျိုးတွေ ကြုံနေရတယ်။”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အကျဥ်းချထားတဲ့ ၇,၃၃၇ဦး လွတ်ငြိမ်းခွင့်ပေးပြီး ၅၀(ည) နဲ့ ၅၂(က)တို့နဲ့ တရားစွဲဆိုခံ ထားရသူ ၁၂,၄ ၈၇ဦးကို အမှုပိတ်သိမ်းပေးမယ်လို့ တပေါင်းလပြည့်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး​ထောင်ချထားသူ​တွေထဲက အကျဥ်းသား​တွေကို ပြန်လွှတ်​ပေးတာမှာ မနေ့က ည​နေပိုင်းအထိစာရင်း​တွေအရ ပြန်လည်လွတ်​မြောက်လာသူ​တွေထဲမှာ NLD အစိုးရအဖွဲ့ဝင်တချို့ ပါဝင်လာပါတယ်။

စစ်တပ်အာဏာသိမ်းပြီး မတရားဖမ်းဆီးခံခဲ့ရတဲ့ ဒီချုပ်အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဟောင်း ဦးဟံထွန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ ပြန်လွတ်လာတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။